ယောကျာ်းဖောက်ပြန်တဲ့ ကာရိုက်တာကို သရုပ်ဆောင်တဲ့အခါ သတိထားတယ်လို့ ဆိုလာတဲ့ အိန္ဒြာကျော်ဇင်

Posted on - Sep 11 []

May Phyo

စာရေးသူ

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကိုလဲ လုပ်ဆောင်ရင်းချစ်တဲ့မိသားစုကိုလဲ အချိန်ပေးကာ ဘက်စုံထူးချွန်တဲ့ အမျိုးသမီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူမဟာ ရုပ်ရှင်ကားတွေကို ယခုနောက်ပိုင်းမှာတော့ ရွေးချယ်ရိုက်ကူးလာခဲ့ပြီး တကယ့်ကို လုပ်ကွက်ကောင်းပြီး ဇာတ်ရုပ်ပီပြင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုစာရိုက်ဖြစ်လာတယ်လို့လဲ သိရပါတယ်။

အူဝဲဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်တဲ့ ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပါဝင်သရုပ် ဆောင်ထားပြီး ပုံသဏ္ဍာန်ခပ်ဆင်ဆင်ဖြစ်တဲ့ သူမအကယ်ဒမီ ရ၇ှိခဲ့တဲ့ ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားကြီးတုန်းကလဲ အကယ်ဒမီ ရ၇ှိခဲ့တာကြောင့် ဒီဇာတ်ကားမှာလဲ အကယ်ဒမီရရှိနိုင်မယ်ဆိုပြီး ခန့်မှန်းနေကြတာဘဲ ဖြစ်ပါတယ်။ သူမကတော့ ကာရိုက်တာတူတဲ့ဇာတ်ရုပ်မျိုးတွေကို သရုပ်ဆောင်ရတာဟာ သူမအတွက် သတိထားရသလို ကာရိုက်တာတွေမထက်အောင်လဲ ဂရုစိုက်ရတယ်လို့ပြောပြလာခဲ့ပါတယ်။

အူဝဲပြောပြခဲ့တဲ့ အပြည့်အစုံကတော့ “ ရိုက်ရတဲ့ ဇာတ်ကားအမျိုးအစားတွေက ထပ်နေတော့ ထပ်တယ်ဆိုတာက အိမ်ထောင်သည် ယောကျာ်းဖောက်ပြန်တယ်ဆိုတဲ့ ဟာမျိးကိုဒီမိန်းမကခံစားရတယ် ဆိုတဲ့ ဇာတ်ရုပ်တွေကကြတော့ အရှေ့မှာ ရင်ဘက်ထဲကဓါးတို့ဘာတို့ကရှိထားပြီးသား ဇာတ်လမ်းအမျိုးအစားကာရိုက်တာတူတဲ့အခါမှာ တစ်ကားနဲ့ တစ်ကားမတူအောင် ပရိသတ်ကြည့်ရင်လဲ ဒီကားမျာလဲ ဒီအိုက်တင်ဘဲ ဟိုကားမှာလဲ ဒီအိုက်တင်ဘဲ ဆိုတာမျိုးကို သတိထားတယ် ။ပေါ့ပေါ့ပါးပါးလေးတောင်မှ သတိထားတယ်ဆိုရင် ဟဲဗီးအခန်းတွေမှာတော့မတူအောင်ပေါ့ ရှေ့မှာ ငါဘာလုပ်ထားတယ် နောက်မှာငါဘာလုပ်မယ် ဆိုတဲ့ ဟာလေးကို အမက ကြိုပြီးစဉ်းစားတယ်”

“မုနဲ့ မတ်သက် နဲ့ ဆိုတာကတော့ မတ်သက်ဆိုတာကတော့ ပြောရင်းဆိုရင်းလုပ်တဲ့ အိုက်တင်မှာကို ကိုယ့်ကမုနဲ့ ပြောတဲ့ အပြင်ကို ကိုယ်နဲ့ အတူတွဲသရုပ်ဆောင်တဲ့အပြင်ကို ပလပ်အိုက်တင်လို့ ခေါ်တာပေါ့နော် အဲ့ဒါကို မက်သက်လို့ ခေါ်လို့ရတယ် မုဆိုတာကတော့ ပလော့အရ တကယ်စိတ်ထည့်ပြီးလုပ်တယ်ပေါ့ အဲ့ နှစ်ခုကိုပေါင်းတဲ့အခါမှာ မတ်သက် ဆိုတာကတော့ အရှေ့မှာတော့ ငါဘာအိုက်တင်လုပ်ခဲ့တယ် ခုငါဘာလေးပြောင်းလုပ်မယ် ဆိုတာမျိုးပေါ့ အဲ့နှစ်ခုကိုပေါင်ြး ပီးလုပ်တယ်ပေါ့”

“ကြိုးစားပြီး လုပ်တာပါဘဲ အဲ့ကြိုးစားမှုရလဒ်လေးကတော့ အားပေးကြတယ် ချစ်ပေးကြတယ် အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ် ။ ဇာတ်လမ်းလေးတွေကိုရွေးပြီး လက်ခံတဲ့ အပေါ်မှာလဲ မူတည်သွားတာပေါ့ ပရိသတ်တွေကတော့ ကားတိုင်းတော့ပေးနေပါတယ် ။ စိတ်ထဲမှာတော့ ဘယ်အရာတွေကို မှ မျှော်လင့်ချက်မထားပါဘူး ။ အလုပ်ကိုတော့ခေါင်းထဲမှာထည့်တယ် ဘာအလုပ်ကိုဘဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်တယ် ပေါ့အဲ့စိတ်နဲ့ဘဲ ကြိုးစားတယ်ပေါ့ အကယ်ဒမီ ဘာညာဆိုတာကတော့ နောက်ပိုင်းရလဒ်တွေပေါ့ ကံတရားပေါ်မှာလဲ မူတည်ပါတယ်” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။