Kpop Idol တိုင်း EXO အဖွဲ့ဝင်​ Baekhyun နဲ့အတူအလုပ်​တွဲလုပ်​ချင်​ရတဲ့အချက်​များ

Posted on - Sep 12 []

Shoonie JiJi

စာရေးသူ

EXO အဖွဲ့ဝင်​ Baekhyun က​တော့ EXO အဖွဲ့ဝင်​အ​နေနဲ့သာမက တစ်​ကိုယ်​​တော်​အဆို​တော်​အ​နေနဲ့ပါ ​အောင်​မြင်​မှုများစွာကိုရရှိ​နေသူပဲဖြစ်​ပါတယ်​။ဒါ့အပြင်​ Baekhyun ကိုက​တော့ Collaboration တို့ရဲ့ဘုရင်​လို့လည်း လူသိတတ်​ကြပါ​သေးတယ်​။ဒီလို Baekhyun နဲ့ အခြား​သော Kpop Idol ​တွေအမြဲလက်​တွဲအလုပ်​လုပ်​ချင်​ရတဲ့အ​ကြောင်းအရင်း​တွေကို​တော့ ပရိသတ်​​တွေအတွက်​ အခုလိုပဲ​ဖော်​ပြလိုက်​ရပါတယ်​။

All-Kill အမြဲရ​စေနိုင်​တဲ့ Baekhyun ရဲ့အရည်​အချင်း

Baekhyun က Sistar Soyou နဲ့အတူ "Rain" အမည်​ရှိတဲ့သီချင်းကို အတူတွဲဖက်​ထုတ်​လုပ်​ခဲ့ပြီးမကြာခင်​မှာပဲ Rain သီချင်းဟာ ​တောင်​ကိုရီးယားရဲ့ Music Chart ​တွေအကုန်​လုံးမှာ နံပါတ်​ ၁ ချိတ်​နိုင်​ခဲ့ပြီး Perfect All-Kill ကိုအရယူနိုင်​ခဲ့ပါတယ်​။ဒါတင်​မကဘဲ Baekhyun နဲ့ Suzy တွဲဖက်​သီဆိုခဲ့တဲ့ Dream သီချင်းဟာ ၂၀၁၆ ခုနှစ်​ဆု​ပေးပွဲများစွာမှာ Best Collaboration Award ​တွေကို ဆွတ်​ခူးနိုင်​ခဲ့ပါ​သေးတယ်​။

Baekhyun ရဲ့ရသစုံလင်​အရည်​အချင်း

Baekhyun ဟာ ရသစုံလင်​အစီအစဉ်​​တွေအတွက်​ အရည်​အချင်းအပြည့်​ရှိတယ်​ဆိုတဲ့အ​ကြောင်းကို SBS ရုပ်​သံလိုင်းရဲ့ Master Key အစီအစဉ်​မှာ ​ပြောပြခံခဲ့ရပြီးချီးမွမ်းခံခဲ့ရပါ​သေးတယ်​။Baekhyun ဟာ ပွင့်​လင်းပြီး ရင်းနှီးလွယ်​တတ်​တဲ့ Idol တစ်​​ယောက်​ပါပဲတဲ့။

Baekhyun ရဲ့ပြည့်​စုံတဲ့အသံ

Baekhyun အ​ကြောင်းကို​ပြောမယ်​ဆိုရင်​​တော့ သူ့ရဲ့ချိုသာတဲ့အသံ​ကိုချန်​ထားခဲ့လို့မရပါဘူး။Baekhyun ရဲ့ Collaboration သီချင်း​တွေ​အောင်​မြင်​ရခြင်း​အ​ကြောင်း​တွေထဲမှာက​တော့ သီချင်းတိုင်းနဲ့လိုက်​ဖက်​တဲ့ Baekhyun ရဲ့အသံကလည်းမပါမဖြစ်​ပါပဲ​နော်​။Baekhyun ဟာ ဘယ်​သူနဲ့ဘယ်​လိုသီချင်းမျိုးကိုတွဲဆိုဆို လိုက်​ဖက်​ညီစွာသီဆိုနိုင်​တာပဲဖြစ်​ပါတယ်​။

Baekhyun ရဲ့စတိတ်​​ပေါ်ကပုံစံ

အပြင်​မှာဆိုရင်​​တော့ Baekhyun ကချိုမြိန်​ပြီးချစ်​စရာ​ကောင်​​လေးဖြစ်​​နေနိုင်​​ပေမယ့်​ စတိတ်​​ပေါ်မှာ​ဖျော်​​ဖြေရမယ်​ဆိုရင်​​တော့ ကင်​မရာကိုဘယ်​လိုဖမ်းစားရမလဲဆိုတာ Baekhyun ဟာ​ကောင်း​ကောင်းသိပါတယ်​။ဒါ​တွေဟာလည်း Baekhyun ရဲ့ ထိပ်​တန်း Idol အဖြစ်​ရပ်​တည်​​နေနိုင်​တဲ့အ​ကြောင်းအရင်း​တွေထဲကတစ်​ခုပါပဲ။

ဘယ်​လိုသီချင်းပုံစံမျိုးနဲ့ဖြစ်​ဖြစ်​လိုက်​ဖက်​တဲ့ Baekhyun

ဒါက​တော့ အ​ထွေအထူး​ပြောစရာလိုမယ်​မထင်​ပါဘူး။EXO အဖွဲ့အပြင်​ EXO CBX အဖွဲ့သီချင်း​တွေမှာတင်​ Baekhyun ဟာ ဘယ်​လိုသီချင်းပုံစံပဲဖြစ်​​စေ လိုက်​ဖက်​ညီ​နေတာကို​တွေ့ရမှာပဲဖြစ်​ပါတယ်​။SM Station အတွက်​ K.Will နဲ့ အတူတွဲဖက်​သီဆိုခဲ့တဲ့ "The Day" သီချင်းမှာလည်း တစ်​မူကွဲထွက်​​နေတဲ့ Baekhyun ရဲ့ပုံစံကိုမြင်​​တွေ့နိုင်​ပါ​သေးတယ်​။

winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။