Idol အဖြစ်ပထမဆုံးလစာကို အဓိပ္ပါယ်ရှိရှိအသုံးချခဲ့တဲ့အနုပညာရှင်များ

Posted on - Sep 12 []

Shoonie JiJi

စာရေးသူ

Idol အလုပ်ဟာဆိုရင်တော့ ပထမဆုံးလစာရဖို့အတွက်နှစ်နဲ့ချီပြီးစောင့်ကြရပါတယ်။အကြောင်းရင်းကတော့ သူတို့ကို Idol အဖြစ်ပွဲဦးထုတ်ပေးတဲ့ အေဂျင်စီကကုန်ကျစရိတ်တို့ကို အကြွေးသဘောအနေနဲ့ပြန်ဆပ်ကြရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အောင်မြင်မှုအပေါ်မှုတည်ပြီးပထမဆုံးလစာကိုရကြမှာပါ၊တချို့ Idol တွေဆိုနှစ်အတော်ကြာချီ အေဂျင်စီဆီက လစာမရတာတွေတောင်ရှိခဲ့ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ သူတို့အလုပ်ရဲ့ပထမဆုံးဝင်ငွေရတဲ့အချိန်ကတော့ အမှတ်တရဖြစ်စေတဲ့နေ့ဖြစ်သွားမှာပေါ့နော်၊Idol အဖြစ်ပထမဆုံးလစာကိုအကျိုးရှိစွာနဲ့သုံးစွဲခဲ့ကြတဲ့အနုပညာရှင်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

Twice အဖွဲ့ဝင် Nayeon

Twice အဖွဲ့ဝင် Nayeon ကတော့ ပတမဆုံးလစာအားလုံး မိဘဆီပေးခဲ့တာပဲဖြစ်ပါတယ်။ ရုပ်လေးချောသလို မိဘကိုလည်းသိတတ်တဲ့သမီးလိမ္မာလေးတစ်ယောက်အဖြစ် သက်သေပြလိုက်တာပဲနော်။

Ong Seongwu

WANNA ONE အဖွဲ့ဝင်ဟောင်းဖြစ်ပြီး Moment At Eighteen မှာအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ong Seongwu ကတော့ သူရဲ့ပထမဆုံးလစာနဲ့ မိသားစုအတွက်အိမ်ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ Seongwu ရဲ့အရင်အိမ်ကတော့ နွေရာသီဆိုအရမ်းပူပြီး ဆောင်းတွင်းဆိုအရမ်းအေးပြီးအတွက်အပူအအေးညှိတဲ့စက်လိုအပ်ခဲ့ပါတယ်တဲ့။ဒါ့အပြင် မိသားစုနဲ့အတူ ဂျပန်ခရီးကိုလည်းသွားခဲ့ပါသေးတယ်။

WINNER အဖွဲ့ဝင်များ

WINNER အဖွဲ့ဝင်တွေအားလုံးဟာ ချမ်းသာတဲ့မိသားစုအသိုင်းအ၀ိုင်းကနေဆင်းသက်လာကြတဲ့သူတွေမဟုတ်တာကြောင့် ပထမဆုံးလစာနဲ့သူတို့ရဲ့အကြွေးတွေကိုဆပ်ခဲ့ကြပါတယ်။

MonstaX အဖွဲ့ဝင် I.M

တခြားအဖွဲ့ဝင်တွေလိုပဲ I.M ကာလည်းသူရဲ့လစာကိုမိဘတွေအတွက်အသုံးပြုခဲ့ပါတယ်။သူရဲ့အမေအတွက်မိတ်ကပ်လည်းဝယ်ပေးခဲ့ပြီး ၀င်ငွေရဲ့ ၁၀ ရာခိုင်နူန်းကိုအဖေ့ကိုပေးခဲ့ပြီး ဘုရားကျောင်းနဲ့အစိုးရအခွန်ငွေတွေအတွက်လည်းပေးဆောင်ခဲ့ပါတယ်တဲ့။

EXID အဖွဲ့ဝင် Solji

EXID အဖွဲ့ဝင်ခောင်းဆောင် Solji ကတော့ ၁၀ နှစ်ကျော်ကြာထိ သူ့မိသားစုကိုဘာမှမပေးနိုင်ခဲ့တဲ့အတွက် သူ့ရဲ့လစာကိုမိဘကိုပဲပြန်ပေးချင်ခဲ့ပါတယ်တဲ့။ Solji ဟာ အမေနဲ့သူကိုယ်တိုင်အတွက်ဖိနပ်ဝယ်ခဲ့ပြီး မိဘနှစ်ယောက်စလုံးကိုလည်းသုံးစွဲဖို့ပိုက်ဆံတွေပေးခဲ့ပါတယ်။

winkie
Ref:Kstarlive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။