ကွန်ပနီနှုတ်ဆက်ပွဲမှာ ပြောင်မြောက်လွန်းတဲ့ အလန်းစား No-Look ပေးပို့မှုကို ပြုလုပ်ပြခဲ့တဲ့ ပေါလ်စခိုး

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

ပေါလ်စခိုးကတော့ အသက်ကြီးသွားပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေ မလျော့ကျသေးဘူးဆိုတဲ့အကြောင်း သက်သေပြသွားခဲ့တာပါ။ မန်စီးတီးနောက်ခံလူဟောင်းကွန်ပနီရဲ့ဂုဏ်ပြုနှုတ်ဆက်ပွဲကို ဗုဒ္ဓဟူးနေ့ညက မန်စီးတီးအသင်းပိုင် အီတီဟတ်ကွင်းကြီးထဲမှာ ကျင်းပသွားခဲ့တာဖြစ်ပါတယ်။ ဂန္ထ၀င်ကစားသမားတွေ အစုံအလင်နဲ့ တကယ့်ကို မြိုင်မြိုင်ဖြစ်ခဲ့ပြီး ပရိသတ်တွေကြည့်ရကျိုးနပ်တဲ့ပွဲကောင်း ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် Al Star အသင်းမှာတော့ မန်ယူဂန္ထ၀င်ကစားသမားကြီးတွေဖြစ်တဲ့ ပေါလ်စခိုး၊ ရွိင်ယန်ဂစ်၊ ကာရစ်၊ အာဆင်နယ်နဲ့ မန်ယူကစားသမားဟောင်းဗန်ပါစီ၊ အာဆင်နယ်ဂန္ထ၀င်ကစားသမားအာတီတာတို့ ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ပေါလ်စခိုးဟာ ခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး ပရိသတ်တွေ ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အာတီတာရဲ့ပေးပို့မှုကို No-Look ပုံစံနဲ့ အလန်းစားပေးပို့ခဲ့တဲ့ သူ့ရဲ့စကေးက လူပြောများနေခဲ့တာပါ။

ပေါလ်စခိုးဟာ တကယ့်ကို ပညာသားပါပါ၊ စကေးကြွယ်ကြွယ်နဲ့ No-Look ပေးပို့မှုကို ပြုလုပ်ပြသွားခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေအတွက် ပေါလ်စခိုးရဲ့ပြောင်မြောက်လွန်းတဲ့ No-Look ပေးပို့မှုကို တင်ဆက်ပေးလိုက်ရပါတယ်။

ပေါလ်စခိုးရဲ့ No-Look ပေးပို့မှု

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။