မင်းသား Yoon Hyesang နဲ့လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေကိုငြင်းဆိုလိုက်တဲ့ Lee Honey

Posted on - Sep 12 []

Shoonie JiJi

စာရေးသူ

မော်ဒယ် သရုပ်ဆောင်မင်းသမီး Lee Honey နဲ့ ၂၀၀၀ နှစ်အစောပိုင်းကအောင်မြင်ကျော်ကြားခဲ့တဲ့ Kpop အဖွဲ့ g.o.d ရဲ့ အဖွဲ့ဝင်ဟောင်း သရုပ်ဆောင်အဖြစ်လည်းလူသိများတဲ့ မင်းသား Yoon HyeSang တို့စုံတွဲ လမ်းခွဲလိုက်ကြပြီဆိုတဲ့ကောလဟာလတွေထွက်လာခဲ့ပါတယ်။Lee Honey ရဲ့အင်စတာဂရမ်အကောင့်မှာတင်ခဲ့တဲ့ Post ကြောင့်ပရိသတ်တွေက လမ်းခွဲပြတ်စဲလိုက်ကြပြီလို့ထင်ခဲ့ကြတာဖြစ်ပါတယ်။

"အရာအားလုံးပြောင်းလဲသွားခဲ့ပြီ.. ငာတို့အမြဲအတူရှိလာခဲ့ပေမယ့်လည်း အခုတော့ မင်းနဲ့ငါရောပြောင်းလဲသွားခဲ့ပြီ။ ငာအဲ့နေ့ရက်တွေကိုအရမ်းလွမ်းမိတယ်။ပြန်မရနိုင်တော့တဲ့နေ့ရက်တွေ..ဒီနေ့လို" ဆိုတဲ့စာလေးနဲ့အတူ သူမရဲ့ခွေးပုံလေးနဲ့ပါတင်ခဲ့ပါတယ်။ပရိသတ်တွေကတော့ စာသားတွေဟာ ချစ်သူဖြစ်သူ Yoon Hyesang အတွက်ရည်ညွှန်းပြီးပြောခဲ့တာဖြစ်မယ်ဆိုပြီးထင်ကြေးတွေပေးခဲ့ကြပါတယ်။ဒီသတင်းတွေဟာ ပြန့်နုံသွားခဲ့ပြီး Yoon HyeSang နဲ့ Lee Honey တို့အတွဲ အဆင်မပြေတဲ့အခြေအနေကိုရောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် Lee Honey ရဲ့အေဂျင်စီဘက်ကနေ ပြန်လည်ငြင်းဆိုချက်ထုတ်ခဲ့ပြီး သူမရဲ့ခွေးလေးကိုသာရည်ညွှန်းတာဖြစ်ပြီး လမ်းခွဲလိုက်ကြပြီဆိုတဲ့သတင်းကတော့ ပရိသတ်တွေနားလည်မှုလွဲနေကြတာဖြစ်ပြီး သူတို့နှစ်ဦးဟာတွဲနေကြတုန်းဖြစ်တယ်လို့ဆိုပါတယ်။လမ်းခွဲလိုက်ကြပြီဆိုတဲ့သတင်းအမှားတွေကိုကြားပြီးနောက်မှာတော့ Yoon Hyesang နဲ့ Lee Honey တို့ကရီခဲ့ကြပါတယ်တဲ့။

Yoon HyeSang နဲ့ Lee Honey တို့ဟာချစ်သူဆက်ဆံရေးကို ၂၀၁၃ ထဲက တရားဝင်အတည်ပြုကြေငြာခဲ့တာဖြစ်ပြီး အတူတူလက်တွဲလာခဲ့တာ ၆ နှစ်တိုင်အောင်ရှိခဲ့ပါပြီ။နှစ်ယောက်စလုံးဟာလည်း အနုပညာနယ်ပယ်မှာအောင်မြင်နေကြတဲ့သူတွေဖြစ်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကိုရရှိဖူးတဲ့သူတွေဖြစ်ပါတယ်။

အချိန်အတော်ကြာအတူရှိလာကြတဲ့ Yoon Hyesang နဲ့ Lee Honey တို့ကိုတော့ ဘယ်အရာကမှလွယ်လွယ်နဲ့ခွဲနိုင်မယ်မထင်ပါဘူးနော်။နှစ်ယောက်ရဲ့မင်္ဂလာသတင်းကောင်းကိုလည်းမကြာခင်မှာကြားရဖို့မျှော်လင့်ပါတယ်။

winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။