ထောင်ဒဏ် (၃) နှစ်နီးပါး ချမှတ်ခံခဲ့ရတဲ့ ဘာစီလိုနာကွင်းလယ်လူအဒါတူရန်ရဲ့ဝမ်းနည်းဖွယ်ဖြစ်ရပ်

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

လက်ရှိ တူရကီကလပ်ဘက်ဆာရှီဟာအသင်းမှာ အငှားကစားလျက်ရှိနေတဲ့ ဘာစီလိုနာကွင်းလယ်လူအဒါတူရန်ဟာ ထောင်ဒဏ် (၂) နှစ်နဲ့ (၈) လအထိ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ တူရန်ဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ အဲဒီနောက် ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ တူရကီကလပ်ဘက်ဆာရှိဟာအသင်းကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

တူရန်ဟာ ဘက်ဆာရှီဟာအသင်းမှာ ကစားနေစဉ်အတွင်းမှာ ပြဿနာဖြစ်ပွားခဲ့တာပါ။ တူရန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း အဆိုတော်ဆာနင်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်တူရန်ဟာ တရားမ၀င်ကိုင်ဆောင်ထားတဲ့ သေနတ်ကို ယူဆောင်လာကာ ဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ တူရန်ဟာ ပစ်ခတ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တူရန်ကို တရားရုံးက အခုအခါမှာတော့ ပြစ်ဒဏ်ချမှတ်ခံတာပါ။

ဒါပေမဲ့ တူရန်ရဲ့ ထောင်ဒဏ် (၂) နှစ်နဲ့ (၈) လသာ ဆိုင်းငံ့သာဖြစ်ပြီး တူရကီဥပဒေအရ တူရန်အနေနဲ့ နောက်ထပ် (၅) နှစ်အတွင်း အလားတူပြစ်ဒဏ်မျိုး ကျူးလွန်ပါက ထောင်ဒဏ်ချက်ချင်းချမှတ်ခံရမှာပါ။

တူရန်ရဲ့အဲဒီလုပ်ရပ်အတွက် လက်ဆာရှီဟာအသင်းကလည်း ဒေါသထွက်ခဲ့ပြီး ပေါင် (၃) သိန်းခွဲအထိ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ တူရန်ဟာ တူရကီလက်ရွေးစင်အသင်းမှာလည်း ၂၀၀၆ ခုနှစ်ကနေ စတင်ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။