ကျွန်တော့်ကို လာတောင်းတဲ့ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ယူမှာဘဲ ဆိုတဲ့ အလင်းသခင်

Posted on - Sep 12 []

May Phyo

စာရေးသူ

အွန်လိုင်းမှာ ဟာသဗီဒီယိုဖိုင်တွေနဲ့ နာမည်ကြီးတဲ့ အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ အလင်းသခင်ဟာ သူ့ရဲ့ ရပ်တည်မှုအကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူဟာ အွန်လိုင်းပေါ်မှာ လတ်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာ နဲ့ ပတ်သက်ပြီး ဟာသလေးအဖြစ်ပြန်လည်ဖန်တီးတက်သလို ၊ Tik Tok ဗီဒီယိုလေးတွေနဲ့လဲ ချစ်စရာကောင်းစွာ ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ သူဟာ အွန်လိုင်းကြော်ငြာတွေနဲ့ ဖက်ရှင်ရှိုး တွေမှာလဲ တွေ့လာရတာမို့ သူ့ရဲ့အောင်မြင်မှုကတော့ အံ့မခမ်းပါဘဲ။ သူက သတို့သားတစ်ယောက်အဖြစ် ဖက်ရှင်ရှိုးတစ်ခုမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ အနာဂတ်လက်တွဲဖော်ရွေးချယ်မှုနဲ့ ပတ်သက်လို့ ယခုလိုဘဲ ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ “ အားလုံး က မယ်သခင်သိထားကြတော့လေ အလင်းသခင်လဲတစ်ခုတစ်လေ သတို့သားလေး လုပ်ဖူးကြည့်ချင်တယ် ပေါ့နော်။သူများတွေက ပြောတယ် ယောကျာ်းယူမှာလား လင်ယူမှာလား ဆိုရင် ခဏတာလေး မိန်းမလေးတော့ ယူပါရစေလို့ အစစ်မဟုတ်ပေမယ့်လဲ ပျော်ပါတယ်လို့ ယောက်ျာလေးလဲ ဟုတ်တယ် မိန်းကလေးလဲ ဟုတ်တယ် ယောကျာ်းလဲယူချင်တယ် မိန်းမလဲယူချင်တယ်ပေါ့နော် ဘယ်သူ့ဘဲရရ ကိုယ့်အပေါ်ကို အကောင်း ဆုံးထားပေးနိုင်တဲ့သူကို ယူမှာပါ”

“ယောကျာ်းဆိုလဲ ယူမှာဘဲ မိန်းမ ဆိုလဲယူမှာဘဲ ကျွန်တော့ကိုဘဲ လာတောင်းတောင်း ကျွန်တော်ကဘဲ တောင်းရတောင်းရသေချာတယ် ကျွန်တော်ကတော့မတောင်းဘူး ကျွန်တော့်ကိုလာတောင်းမယ့်သူကို ထိုင်စောင့်နေမှာ မရှိလဲ ထိုင်စောင့်နေမှာ ချစ်သူကတော့ပြောတယ် လာတင်တောင်းမယ်တဲ့ တင်တောင်းလို့တော့မရဘူးတင်တယ် ဘာမဖြစ်ပါဘူး ကျွန်တော်တို့နှစ်ယောက် သိနေရင်ပြီးရော”

“ကျွန်တော်ချစ်သူက ကျွန်တော်ဘယ်လိုဘဲနေနေ ယောကျာ်းလိုဘဲနေနေ မိန်းမလိုဘဲနေနေ သူ့အချစ်တွေက ဘယ်တော့မှလျှော့မသွားဘူး ။သူကနားလည်မှု အပြည့်အ၀ရှိတယ်ပေါ့နော် ဘယ်တော့မှလျှော့မသွားဘူး ကျွန်တော့်ရဲ့ ပရိသတ်အတွက် ခြောက်လဲခြောက်နေမယ် ကျားလဲကျားနေမယ် ဇွတ်ဘဲကျားကျား၊ မကျားကျား ရေဖျန်းပြီးဘဲ ခြောက်ခြောက် ရေမဖျန်းဘဲ ခြောက်ခြောက်အလင်းသခင်ကတော့ရှိနေမှာပါ”

“အဓိကကပေါ့နော် ကိုယ့်ဘ၀ကိုယ်ရပ်တည်တာဖြစ်လို့ သူများကြိုက်တာမကြိုက်တာထက် ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တယ် ဘာလို့လဲဆိုတော့ ဘုန်းကြီးတရားဟောသလိုဘဲ လူ့ဘ၀က ခဏတာလေးဘဲ ကိုယ်စိတ်ချမ်းသာဖို့လုပ်တယ် သေချာတာကတော့ ကိုယ့်အခုချိန်ထိ မိဘနှစ်ပါးကို ခုချိန်ထိလုပ်ကျွေးသလို ကျွန်တ်ာကိုယ်တိုင်လဲကိုယ့်ဘာသာ ရှာစားတာဖြစ်တဲ့အတွက် သူများစီမှာ လက်ဖျန့်တောင်းစားတာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ ရပ်တည်မှုကို ကိုယ့်ဘာသာကျေနပ်တယ်”

“ မိဘကတော့ သူတို့မွေးထားတာသားယောကျာင်္းလေးမို့သား ယောကျာ်းလေးပုံစံဘဲ မြင်ချင်မှာလေ ဒါပေမယ့် ကျွန်တော့ရဲ့ ကံကြမ္မာက ကျွန်တော်ကိုတိုင် ဖန်တီးခဲ့တာပါ ကျွန်တော်ဖန်တီးလိုက်တဲ့ ကံကြမ္မာကတော့ အခြောက်တစ်ဝက် မိန်းမတစ်ဝက်ဖြစ်နေတဲ့ အတွက်ကြောင့် ဘာမီမဖြစ်ပါဘူး မိဘကိုတော့ အကောင်းဆုံးဖြစ် အောင်ထားတယ် စိတ်ဆင်းရဲအောင် မလုပ်တဲ့ အတွက် မိဘကတော့ ခုချိန်ထိချစ်နေတုန်းပါဘဲလို့ ကျွန်တော့ကိုချစ်တဲ့ ပရိသတ်အားလုံးကို စကားလက်ဆောင်ပါးချင်ပါတယ်။ ကိုယ့်ရဲ့အဖေနဲ့ အနေကိုချစ်ပါ။ကိုယ့်ရဲ့ အဖေနဲ့အမေမရှိတော့တဲ့ သူတွေကိုတွေးပြီးကိုယ်ချင်းစာကြည့်ပါ။ ကိုယ့်မှာရှိတဲ့မိဘကို ချစ်ပါတန်ဖိုးထားပါလို့ ပြောချင်ပါတယ်” လို့လဲ အလင်းသခင်က ပြောပြလာခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အလင်းသခင်ဟာ သူ့ရဲ့ ရပ်တည်မှုနဲ့ မိဘကကို ရှာဖွေးကျွေးမွေးနေတဲ့ လိမ္မာတဲ့ သားသမီးတစ်ဦးဖြစ်တာကြောင့် ဆဲဆိုဝေဖန်မှုတွေထက် သူတို့ရဲ့ ရပ်တည်မှုတွေကို ပရိသတ်ကြီးက နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ထင်မိပါတယ်။

May Phyo(MML)
Source – momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။