ဆန်ချိုနဲ့ ပတ်သက်ပြီး အာဆင်နယ်ပရိသတ်တွေ ရင်နာဖွယ်စကားတစ်ခွန်း ဆိုလိုက်တဲ့ အာဆင်ဝင်းဂါး

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

အာဆင်ဝင်းဂါးရဲ့ ဖွင့်ဟစကားတစ်ခွန်းက အာဆင်နယ်ပရိသတ်တွေအတွက် ရင်နာစရာကောင်းလွန်းပြီး အောင့်သက်သက်နိုင်လွန်းခဲ့ပါတယ်။ ဆန်ချိုဆိုတာ လက်ရှိအင်္ဂလန်အသင်းရဲ့အထွန်းတောက်ဆုံးကြယ်ပွင့်လို့ ဆိုရပါမယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကအထိ မန်စီးတီးအသင်းရဲ့အရန်ခုံမှာထိုင်ရင်း အနာဂတ်မပီမပြင်ဖြစ်နေတဲ့ ဆန်ချိုဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးဆီကို ထိုးဖောက်နေခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းနဲ့အတူ ဆန်ချိုပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက တကယ့်ကို အံ့အားသင့်စရာပဲ ဖြစ်ပါတယ်။ မန်စီးတီးရဲ့အပယ်ခံဆန်ချိုဟာ ဒေါ့မွန်နဲ့အတူ ဥရောပဘောလုံးဇာတ်ခုံပေါ်မှာ ထည်ဝါစွာ ဖူးပွင့်လျက်ရှိနေပါတယ်။

ဒါကြောင့်လည်း တစ်နှစ်အတွင်းမှာပဲ ဆန်ချိုရဲ့တန်ဖိုးဟာ ပေါင်သန်း (၁၀၀) ကျော်အထိ ထိုးတက်လာခဲ့ပြီး ဥရောပထိပ်သီးအသင်းတွေက သူ့ကိုခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒီအခါမှာလည်း အာဆင်နယ်ဂန္ထ၀င်နည်းပြကြီးအာဆင်ဝင်းဂါးက သူ့အနေနဲ့ ဆန်ချိုကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"မန်စီးတီးအသင်းမှာ သူ(ဆန်ချို) ပွဲမကစားရတဲ့အချိန်တုန်းက ကျွန်တော့်အနေနဲ့ ခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။ ဆန်ချိုဟာ လန်ဒန်မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် သူ့ကိုအာဆင်နယ်အသင်းကို ပြန်ခေါ်ယူဖို့ ကျွန်တော်ကြိုးပမ်းခဲ့ပါတယ်"လို့ အာဆင်ဝင်းဂါးက ဖွင့်ဟသွားခဲ့ပါတယ်။

တကယ့်လို့ အဲဒီအချိန်တုန်းက အာဆင်ဝင်းဂါးသာ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုတဲ့အတွေးက အာဆင်နယ်ပရိသတ်တွေအတွက် ခံရခက်စေမှာပါ။ အာဆင်နယ်အသင်းဟာ ဆန်ချိုလိုပဲ ထိပ်တန်းကစားသမားတော်တော်များများကိုလည်း အနီးစပ်ဆုံးအနေအထားရောက်ရှိပြီးမှ လက်လွှတ်ခံခဲ့ရဖူးပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။