သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယို

Posted on - Sep 12 []

Myint Myat

စာရေးသူ

မိန်းကလေးတွေကို အလှအပနဲ့ ပတ်သတ်တဲ့ အကြံကောင်းတွေကို ဝေမျှပေးလေ့ရှိတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အနုပညာမှာလည်း ပါရမီထူးသူတစ်ဦးမို့ အချိန်တိုလေးအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေဆီ ဝေမျှပေးလေ့ရှိတဲ့ ချီချီကတော့ လတ်တလောမှာလည်း ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ သူမရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ပေးလိုက်တာ တွေ့ရပါတယ်။ အချိန်တစ်ခုအတွင်းမှာ လုံးဝကို ပြောင်းလဲသွားတဲ့ နေခြည်ဦးရဲ့ခန္ဓာကိုယ်အချိုးအစားကတော့ အရမ်းကို အားကျစရာ ကောင်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ ကြိုးခုန်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ သူမရဲ့ဗီဒီယိုလေးကို အင်စတာဂရမ်မှတစ်ဆင့် ဝေမျှပေးထားတာဖြစ်ပြီး ပြောင်းလဲလာတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ နေခြည်ဦးကတော့ မကြာခဏဆိုသလို ပန်းစည်းကြီးတွေနဲ့ Romantic ဆန်ဆန် အချော့ခံရတဲ့အကြောင်းလည်း လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။

သွယ်လျတဲ့ ခန္ဓာကိုယ်လေး ပေါ်လွင်အောင် လေ့ကျင့်ခန်းလုပ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယို

နေခြည်ဦးကတော့ လတ်တလောမှာ သရုပ်ဆောင် ဒေါင်းနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုကို စိတ်တူကိုယ်တူ ပုံဖော်နေကြတယ်လို့ သိရပါတယ်။ ချီချီပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ "ရန်သူ" "ဧည့်သည်"နဲ့ "ပုရိသ" ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ကောင်းတွေပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား သိသိသာသာ ပိုလှလာတဲ့ နေခြည်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Beautybynaychi's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။