အချစ်မြို့တော် ပဲရစ်မြို့မှာ ပျော်ရွှင်စွာ လည်ပတ်နေတဲ့ မေမြင့်မိုရ်

Posted on - Sep 12 []

Rowena

စာရေးသူ

"ပန်းနုသွေး" ဇာတ်လမ်းတွဲကနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံခဲ့ရတဲ့ မေမြင့်မိုရ်က အနုပညာလောကထဲမှာ အားပေးသူ ပရိသတ် အခိုင်အမာနဲ့ နေရာတစ်နေရာ ရရှိနေတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲမင်းသမီး တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဝါရင့်၊သမ္ဘာရင့် မင်းသား မင်းသမီးကြီးတွေနဲ့အတူတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

မေမြင့်မိုရက် လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ခတ္တအနားယူပြီး အပျော်ခရီး ထွက်နေတာပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ဥရောပနိုင်ငံကြီးတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း မေမြင့်မိုရ်က အချစ်မြို့တော်လို့ တင်စားကြတဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပဲရစ်မြို့ရဲ့ အီဖယ်လ်မျှော်စင်နဲ့ အတူတူ ရိုက်ကူးထားတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ်ကတော့ ဒီလောက် Roamntic ဆန်တဲ့နေရာကို ရောက်ရှိနေတာတောင် ချစ်သူမရှိပဲ တစ်ယောက်တည်း လည်ပတ်နေရတာတော့ စိတ်မကောင်းစရာပါပဲနော်။

Eiffel Tower ဒုတိယထပ်မှ မြင်တွေ့ရတဲ့ ပဲရစ်မြို့ရဲ့အလှ

မေမြင့်မိုရ်ကတော့ ပဲရစ်မြို့ရဲ့ အလှအပတွေကို တစ်ဝကြီး ခံစားပြီး ပျော်ရွှင်နေမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။