ပရိသတ်တွေ သဘောအကျကြီးကျနေကြတဲ့ စီရော်နယ်ဒိုနဲ့ ဘာနာဒိုဆေးလ်ဗားတို့ရဲ့တွဲလုံး

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့စုဖွဲ့မှုကတော့ အားရစရာပါပဲ။ ပြီးခဲ့တဲ့ နှစ်ကာလအပိုင်းအခြားတစ်ခုအထိ ပေါ်တူဂီအသင်းဟာ စီရော်နယ်ဒိုတစ်ယောက်တည်းကိုပဲ အားကိုးနေရတဲ့ One Man Team အသွင်ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပေါ်တူဂီအသင်းဟာ စီရော်နယိဒုလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားရပေမယ့် ဆုဖလားတွေနဲ့ရေပန်းစားမှုမှာ အဝေးဆုံးနေရာမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အချိန်ယန္တရာတိုက်စားမှုနဲ့အတူ ခေတ်ကာလတွေလည်း ကူးပြောင်းလာခဲ့တဲ့နောက်မှာ ပေါ်တူဂီဟာ စီရော်နယ်ဒိုတစ်ယောက်တည်းကိုပဲ လုံးဝအားကိုးနေရတဲ့အသင်းအဖြစ်ကနေ ကွဲထွက်လာခဲ့ပါပြီ။ လက်ရှိပေါ်တူဂီအသင်းဟာ ယာအိုဖီလစ်၊ ဖာနန်ဒက်၊ ဘာနာဒိုဆေးလ်ဗားတို့ကို ကြယ်ပွင့်တွေနဲ့ အားရစရာကောင်းနေခဲ့ပါပြီ။

အထူးသဖြင့် ဒီအထဲမှာမှ စီရော်နယ်ဒိုနဲ့ လိုက်ဖက်ညီစွာ ကစားနိုင်ဆုံး၊ တစ်နည်းပြောရရင် ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒိုရဲ့အထာကို အသိဆုံးကစားသမားက မန်စီးတီးတောင်ပံကစားသမားဘာနာဒိုဆေးလ်ဗားပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒိုနဲ့ ဘာနာဒိုဆေးလ်ဗားတို့နှစ်ယောက်ဟာ တဖြည်းဖြည်းအတွဲညီလာခဲ့ပြီး သူတို့နှစ်ယောက်တွဲလုံးကနေတစ်ဆင့် ပေါ်တူဂီအသင်းဂိုးရတာလည်း ပိုများလာခဲ့ပါတယ်။ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လစ်သူယေးနီးယားနဲ့ပွဲစဉ်မှာလည်း ဘာနာဒိုဆေးလ်ဗားဟာ စီရော်နယ်ဒိုအတွက် ဂိုးဖန်တီးမှု (၂) ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့တွဲလုံးကို အလွန်သဘောကျနေခဲ့ကြပြီး လာမယ့်ပွဲစဉ်တွေမှာထပ်မံကြည့်ရှုဖို့ မစောင့်နိုင်အောင် ဖြစ်နေရပါပြီ။ ဖန်တီးမှုအားကောင်းတဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ အဆုံးသတ်သေချာတဲ့ စီရော်နယ်ဒိုတို့ရဲ့အားတွေက ပေါ်တူဂီအသင်းကို ဘယ်လောက်အထိ တောက်ပစေမလဲ။

ဆားဘီးယားနဲ့ပွဲစဉ်က ဘာနာဒိုဆေးလ်ဗားရဲ့ ဖန်တီးမှုကို အဆုံးသတ်ခဲ့တဲ့ စီရော်နယ်ဒို

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။