သူ့ရဲ့နှုတ်ဆက်ပွဲမှာ သူကိုယ်တိုင် တစ်မိနစ်တောင် ၀င်မကစားလိုက်ရတဲ့ ကွန်ပနီရဲ့ဖြစ်ရပ်

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

မန်စီးတီးဂန္ထ၀င်ကစားသမားကွန်ပနီရဲ့အမှတ်တရဂုဏ်ပြုနှုတ်ဆက်ပွဲကိုတော့ ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းရဲ့အီတီဟတ်ကွင်းကြီးထဲမှာ မန်စီးတီးဂန္ထ၀င်အသင်းနဲ့ ပရီးမီးယားလိဂ် All Stars အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးဂန္ထ၀င်အသင်းဘက်မှာ အဂူရို၊ ဒေးဗစ်လ်ဆေးဗား ပီးထရော့ဗ်တို့ပါဝင်ကစားသွားခဲ့ပြီး ပရီးမီးယားလိဂ် All Stars အသင်းမှာတော့ ပေါလ်စခိုး၊ ရွိုင်ယန်ဂစ်၊ ကာရေဂါ၊ ဂယ်ရီနဗီးလ်၊ ဗန်ပါစီ၊ ရော်ဘီကိန်း အစရှိတဲ့ကစားသမားတွေ ပါဝင်သွားခဲ့တာပါ။

အထူးခြားဆုံးဖြစ်ရပ်ကတော့ ဒီပွဲကို ကာယကံရှင်ကစားသမားကြီး ကွန်ပနီတစ်ယောက် တစ်မိနစ်တောင်မှ ပါဝင်မကစားသွားခဲ့တာဖြစ်ပါတယ်။ ကွန်ပနီဟာ တံကောက်ကြောဒဏ်ရာကြောင့် ဒီပွဲကိုလုံးဝလွဲချော်ခဲ့တာဖြစ်ပြီး အရန်ခုံကနေပဲ ကြည့်ရှုခဲ့ရပါတယ်။

ဒီအတွက် ကွန်ပနီဟာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပေပမယ့် ဒီပွဲစဉ်အတွက် ဂုဏ်ယူမဆုံးဖြစ်မိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ "ကံမကောင်းစွာနဲ့ ကျွန်တော်က ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ အံ့အားသင့်ဖွယ် ကစားသမား အများအပြားပါဝင်ခဲ့ကြ့ပီး ထူးခြားတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်"လို့ကွန်ပနီက ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ကွန်ပနီက သူ့ရဲ့နှုတ်ဆက်ပွဲမှာ အခါးသီးဆုံးမြို့ခံပြိုင်ဘက်မန်ယူအသင်းရဲ့ ကစားသမားတွေပါဝင်ကစားခဲ့ခြင်းအပေါ်လည်း အလွန်ဝမ်းမြောက်ပျော်ရွှင်လျက်ရှိနေပါတယ်။ မန်စီးတီးဂန္ထ၀င်နဲ့ ပရီးမီးယားလိဂ် All Stars တို့ရဲ့ပွဲစဉ်ကတော့ တစ်ဖက် (၂) ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ဘယ်ဂျီယံလက်ရွေးစင်ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီမှာ နှစ်ပေါင်းများစွာ ကစားလာတဲ့ မန်စီးတီးအသင်းကို ကျောခိုင်းခဲ့ပါတယ်။ အဲဒီနောက် ကွန်ပနီဟာ လက်ရှိအချိန်မှာ အန်ဒါးလက်ခ်ျအသင်းရဲ့ ကစားသမား၊ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။


Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။