နိုင်ငံခြားသီချင်းတွေနဲ့ အမိုက်စား ကပြဖျော်ဖြေတဲ့ သားနဲ့သမီးကြောင့် မပျင်းရဘူးဆိုတဲ့ ​ချောရတနာ

Posted on - Sep 12 []

Myint Myat

စာရေးသူ

ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အပြုံးလှလှလေးကြောင့် ပရိသတ်တွေ အရမ်းချစ်ကြတဲ့ မင်းသမီးချောလေး ချောရတနာကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ အနားယူထားပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိနေဆဲ မင်းသမီးလေးပါပဲ။ အရမ်းကို လည်လွန်းတတ်လွန်းတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားတဲ့ မေမေ ချောရတနာကတော့ အနုပညာပိုး အပြည့်အဝပါတဲ့ သားသမီးတွေကြောင့် ပျော်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချောရတနာရဲ့ သားနဲ့ သမီးကတော့ အမေဖြစ်သူနဲ့တူလို့ ငယ်ငယ်ကတည်းက အနုပညာပိုးအပြည့်ရှိကြသူလေးတွေပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အမေဖြစ်သူကို အကတွေနဲ့ ဖျော်ဖြေနေတဲ့ သားနဲ့သမီးကြောင့် ပျော်ရွှင်နေတဲ့ မေမေ ချောရတနာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေ ချောရတနာကတော့ "Co Co သမီးရယ် ဒွန့်ချက်😬😂💙ဒီအမေ မပျင်းရဘူး 💙" ဆိုပြီး သူမရဲ့သားသမီးတွေရဲ့ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ချောရတနာရဲ့သမီးလေး co co ကတော့ အမေနဲ့တူလို့ အရမ်းကို ပဲများပြီး ချစ်ဖို့ကောင်းလို့ ပရိသတ်တွေလည်း အရမ်းချစ်နေကြတာပါနော်။

ချောရတနာရဲ့သားနဲ့သမီးရဲ့အလန်းစားကကွက်တွေ

ချစ်​ရသူနဲ့ ၂၀၁၂ခုနှစ်​တုန်းက လက်​ထပ်​ခဲ့တဲ့ မင်းသမီးချောလေး ချောရတနာကတော့ အခုဆိုရင် အိမ်​​ထောင်​သက်​တမ်း ၆နှစ်​နီးပါး ရှိပြီပဲ ဖြစ်​ပါတယ်​။ ချောရတနာကတော့ လက်ရှိမှာ ကြော်ငြာလေးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ဆည်း​လည်း​လေးနှစ်​ခုနဲ့ သာယာ​နေတဲ့ ​ချောရတနာတို့မိသားစု​လေးကို သ​ဘောကျတယ်​ဆိုရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source;Chaw Yadanar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။