ဆွဲဆောင်မှုရှိတဲ့ အမိုက်စား Body နဲ့ နှုတ်ခမ်းနီမလေးတွေကို ဆွဲဆောင်လိုက်ပြန်တဲ့ ပိုင်တံခွန်

Posted on - Sep 12 []

Moe Kalay

စာရေးသူ


နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့ အမိုက်စားပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန် က ခုနောက်ပိုင်းမှာ ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ပိုင်တံခွန်းနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် တို့သရုပ်ဆောင် ရိုက်ကူးထားတဲ့ " သူဘယ်သူလဲ" ဇာတ်လမ်းတွဲ ကလည်း မကြာခင်မှာ ကြည့်ခွင့်ရတော့မှာပါ။

ဒီတစ်ခါမှာတော့ ပိုင်တံခွန်က " အားတဲ့ချိန် ငှက်‌ပျောသီးလည်း ‌ရောင်းပါတယ် 😁" ဆိုပြီး သူရဲ့အမိုက်စားပုံရိပ်တွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

ငှက်ပျောသီး ရောင်းနေတဲ့ ပိုင်တံခွန်

သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန် ရဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;paing takhon

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။