ကွန်ပနီနှုတ်ဆက်ပွဲမှာ မဆီမဆိုင်ဂျရတ်ကို လှောင်ပြောင်ခဲ့တဲ့ မန်စီးတီးပရိသတ်တွေရဲ့ အရှက်ရဖွယ်လုပ်ရပ်

Posted on - Sep 12 []

Gunner Ksr

စာရေးသူ

ဂန္ထ၀င်ကစားသမားကြီး ကွန်ပနီရဲ့အမှတ်တရဂုဏ်ပြုနှုတ်ဆက်ပွဲမှာ မန်စီးတီးပရိသတ်တွေရဲ့လုပ်ရပ်တစ်ခုက ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ နှစ်ပေါင်းများစွာ ကစားလာခဲ့ပြီး အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သူတစ်ယောက်ပါ။ ပြောရရင် ရှိတ်မန်ဆော်ရဲ့ မန်စီးတီးခေတ်ပြောင်းတော်လှန်ရေးမှာ ကွန်ပနီက ရှေ့ဆုံးနေရာကနေ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ ကွန်ပနီဟာ သံယောဇဉ်များစွာချည်နှောင်ထားရာ မန်ချက်စတာဆိပ်ကမ်းကို စွန့်ခွားခဲ့ပြီး မွေးရပ်မြေကို ပြန်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကွန်ပနီကို ဂုဏ်ပြုတဲ့အနေနဲ့ မန်စီးတီးဂန္ထ၀င်အသင်းနဲ့ ပရီးမီးယားလိဂ် All Stars အသင်းတို့ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

အဲဒီမှာ မန်စီးတီးအသင်းဟာ မဆီမဆိုင်လီဗာပူးဂန္ထ၀င်ကစားသမားဂျရတ်ကို လှောင်ပြောင်ခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ်အတွင်းမှာ လီဗာပူအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရာသီအဆုံးသတ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ စတီဗင်ဂျရတ်ရဲ့ ထင်မှတ်မထားတဲ့အမှားတစ်ခုကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရင်နာဖွယ်လက်လွှတ်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်ကို ရည်ညွှန်းကာ မန်စီးတီးပရိသတ်တွေက "စတီဗင်ဂျရတ်...ဂျရတ်။ သူဟာ ဒူးချောင်ပြီးလေးဖက်ထောက်သွားခဲ့ရတယ်။ ဒမ်ဘာဘားကို ပေးခဲ့တဲ့ စတီဗင်ဂျရတ်..ဂျရတ်"လို့ အော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။

ဂန္ထ၀င်ကစားသမားကြီးကွန်ပနီရဲ့ အမှတ်တရနှုတ်ဆက်ပွဲမျိုးမှာ ဒီလိုလုပ်ရပ်မျိုးက လုံးဝမလုပ်သင့်ဘူးလို့ ပြောဆိုကာ ရှုတ်ချခဲ့ကြပါတယ်။ ဘာမှမဆီမဆိုင် စတီဗင်ဂျရတ်ကို လှောင်ပြောင်ခဲ့တဲ့ မန်စီးတီးစုန်းပြူးပရိသတ်တွေတစ်ခုရဲ့ လုပ်ရပ်က လူပုံအလယ်မှာ အရှက်ရစရာဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။