Effect တွေ မျိုးစုံသုံးပြီး သားလေးအိပ်အောင် သီချင်းဆိုချော့သိပ်နေတဲ့ သဉ္ဇာနွယ်ဝင်း

Posted on - Sep 12 []

Rowena

စာရေးသူ

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းက စကားသံဝဲဝဲလေးနဲ့ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းသူ တစ်ဦးပါ။ သဉ္ဇာနွယ်ဝင်းက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ရပ်နားပြီး ချစ်ရတဲ့ မိသားစုလေးကိုသာ အချိန်ပေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့ သားလေးဖြစ်သူ Peach Lay ကလည်း လုံးလုံးကစ်ကစ်လေးနဲ့ မျက်နှာချိုလွန်းတာကြောင့် ပရိသတ်တွေက အသည်းစွဲ ချစ်နေရတာပဲ ဖြစ်ပါတယ်။ Peach Lay ကလည်း အားလုံးကို အရည်ပျော်ကျအောင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကို လုပ်ပြတတ်လွန်းတဲ့ ကလေးလေး ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း သဉ္ဇာနွယ်ဝင်းက သူမရဲံ ချစ်စရာကောင်းတဲ့ သားလေး Peach Lay ရဲ့ ဗီဒီယိုကို မျှဝေထားပါတယ်။ သဉ္ဇာနွယ်ဝင်းက သားလေး မအိပ်ခင်မှာ ဖုန်းထဲက Effect တွေ မျိုးစုံသုံးပြပြီး သားလေး ငြိမ်အောင် သီချင်းဆို ချော့သိပ်နေတာပဲ ဖြစ်ပါတယ်။

သားအမိနှစ်ယောက်စလုံး ချစ်စရာလေးတွေနော်

သဉ္ဇာနွယ်ဝင်းတို့ သားအမိနှစ်ယောက်စလုံးက ချစ်စရာလေးနော်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့ သားအမိရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Siurce: Thinzar Nwe Win's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။