ပိုစတာနဲ့တင် လူစိတ်ဝင်စားနေကြတဲ့ ဖွေးဖွေးနဲ့ မိုးဟေကိုတို့ရဲ့ "ပပဝတီစီရင်ခန်း" ရုပ်ရှင်

Posted on - Sep 12 []

Rowena

စာရေးသူ

ဒိတ်ဒိတ်ကြဲ မင်းသမီးနှစ်လက်ဖြစ်တဲ့ မိုးဟေကိုနဲ့ ဖွေးဖွေးတို့က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးကြသူတွေ ဖြစ်ပါတယ်။ ဖွေးဖွေးကလည်း အကယ်ဒမီဆုကြီးများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်သလို မိုးဟေကိုကလည်း အနုပညာလောကမှာ ပြိုင်ဘက်ကင်း ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ မိုးဟေကိုတို့ နှစ်ယောက်ရဲ့ အနုပညာလုပ်ငန်းတွေကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် "ပပဝတီ" စီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ "ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာ ထွက်ရှိလာပြီး ပရိသတ်တွေက ပိုစတာနဲ့တင် တော်ာတော်လေး စိတ်ဝင်စားနေကြတယ်ဆိုတာကို တွေ့မြင်ရပါတယ်။

"ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီဖွေးဖွေး၊ မိုးဟေကို၊ ထွန်းထွန်း၊ အလင်းရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အခြားသော အနုပညာရှင်များစွာလည်း ပါဝင်ပါတယ်။

"ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးက မိန်းမနှစ်ယောက်ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာဖြစ်ပြီး မိုးဟေကိုနဲ့ ဖွေးဖွေးတို့ရဲ့ ပရိသတ်တွေအတွက် အားရကျေနပ်မှုရှိစေမှာ အသေအချာပါပဲ။

"ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးးကို လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့က စတင်ပြီး ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် "ပပဝတီစီရင်ခန်း" ရုပ်ရှင်ဇာတ်ကားကြီးးရဲ့ Official Poster လေးကလည်း မနက်ဖြန် စက်တင်ဘာ (၁၃) ရက်နေ့မှာ ထွက်ရှိဦးမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

Rowena
Source: ပပဝတီစီရင်ခန်း

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။