ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးတွေဝတ်ပြီး ကြော်ငြာရိုက်ကူးခဲ့တဲ့ ဝတ်မှုံရွှေရည်

Posted on - Sep 12 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကျရာဇာတ်ရုပ်ကို ပီပြင်အောင် စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်သူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အနုပညာပါရမီကြောင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာလည်း ဒိတ်ဒိတ်ကြဲမင်းသမီးလေးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒိတ်ဒိတ်ကြဲမင်းသမီးလေး တစ်လက်ဖြစ်သလို ကြော်ငြာမင်းသမီးလေးလို့လည်း တင်စားရတဲ့ ဝတ်မှုံရွှေရည်က ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ဝတ်မှုံရွေရည်က ဒီတစ်ခေါက်မှာလည်း ခင်ပြုံးမွန် အင်ဒိုနီးရှားပါတိတ်အတွက် မြန်မာဝတ်စုံလေးတွေ မျိုးစုံဝတ်ပြီး ကြော်ငြာရိုက်ကူးပေးခဲ့တာကို တွေ့ရှိရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်ကတေတော့ မကြာသေးခင်ကပဲ အသက် (၃၁) နှစ်ပြည့်သွားတယ်ဆိုပေမယ့် သုံးဆယ်ကျော်အရွယ်လို့ မထင်မှတ်ရလောက်အောင် နုပျိုလွန်းနေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ တစ်နေ့တစ်ခြား အလှကြီးလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သေဘာကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: We Love Wutt Hmone Shwe Yi & ခင်ပြုံးမွန်ပါတိတ်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။