မော်ဒယ်ကောင်လေးတွေဝန်းရံပြီး မိုင်းလားမြို့မှာ သီချင်းဆိုဖျော်ဖြေခဲ့တဲ့ သင်ဇာဝင့်ကျော်

Posted on - Sep 14 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်သမီးချောလေး သင်ဇာဝင့်ကျော်က စွဲဆောင်မှုရှိပြီး လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေ ဝန်းရံအားပေးခြင်း ခံရသူ ဖြစ်ပါတယ်။ ရုပ်ရည်လှပသလို သရုပ်ဆောင်လည်း ကောင်းမွန်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ မိုင်းလားမြို့နယ်က ပွဲတစ်ခုမှာ သီချင်းဆို ဖျော်ဖြေဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

မိုမိုလေး ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ မိုင်းလားမြို့က ပရိသတ်ကြီးကို ဖျော်ဖြေနေတဲ့ မြင်ကွင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်နဲ့အတူတူ ဟိန်းမင်းသူ၊ အောင်လေး၊ မုန်ထွယ်အောင်တို့ကလည်း အတူတူညပါဝင်ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ဝတ်စုံကြီးကတော့ လိပ်ပြာလေးတစ်ကောင်ဝဲပျံနေသလို ဆက်စီကျကျ လှနေတယ်နော်

မိုင်းလားမြို့သူ၊ မြို့သားတွေရဲ့ အားပေးကြမ်းမှုကြီး 😍😍😍

သင်ဇာဝင့်ကျော်ကတော့ အနုပညာနဲ့ ပက်သတ်လာရင် မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဆိုရလောက်အောင်ကို တော်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့ သူငယ်ချင်းတစ်စုရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Xit Thway's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။