ပရိသတ်တွေ ပွဲကျခဲ့ရတဲ့ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှု

Posted on - Sep 15 []

Rowena

စာရေးသူ

ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက အနုပညာလျှောက်လမ်းကိုယ်စီမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေသူတွေ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကလည်း သရုပ်ဆောင်လောကမှာ ပရိသတ် အခိုင်အမာ ရရှိထားသလို ဟိန်းမင်းသူကလည်း မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံရသူ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာရှိတဲ့ A-380 Club 3 Year Anniversary ပွဲကို သီချင်းဆို ဖျော်ဇြေို့ တက်ရောက်ခဲ့ကြပါတယ်။

ထိုပွဲမှာ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူက အတွဲညီညီ အပေးအယူမျှမျှနဲ့ သီချင်းတွေ သီဆိုဖျော်ဖြေကြတာ ပရိသတ်တွေ သဘောကျခဲ့ရပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Thin Zar Wint Kyaw & Hein Min Thu

သင်ဇာနဲ့ ဟိန်းမင်းသူကတော့ ပရိသတ်တွေကို ပျော်ရွှင်ရအောင် အစွမ်းကုန် ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Hein Min Thu's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။