မျက်စိတစ်မှိတ်အတွင်း ရန်ကုန်ကနေ မန္တလေးပို့ပြခဲ့ပေမယ့် Winner ဆုနဲ့ လွဲချော်ခဲ့တဲ့ Angelo

Posted on - Sep 16 []

Rowena

စာရေးသူ

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ Myanmar's Got Talent 2019 ပွဲကြီးကတော့ Grand Final ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါပြီ။ ပြိုင်ပွဲဝင်တွေက ပညာစုံသုံးပြီး အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ Voting System အရ (၅) နှစ်အရွယ် သားသားလေး ဘုန်းမြတ်မင်းက Winner ဆုကို ဆွတ်ခူးရရှိသွားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမန်လူမျိုး Angelo Erasmus Stagnaro ရဲ့ မျက်လှည့်ပြကွက်ကလည်း ပရိသတ်တွေကိုသာမက ဒိုင်တွေကို မျက်လုံးပြုးစေတဲ့အထိ အံ့သြမှင်သက်စေခဲ့ပါတယ်။ Angelo Erasmus Stagnaro က အားလုံးရဲ့ မျက်စိရှေ့မှာပဲ ပရိသတ်တစ်ယောက်ကို ရန်ကုန်ကနေ မန္တလေးကို ပို့ဆောင်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Myanmar's Got Talent 2019 Grand Final မှ Angelo ရဲ့ ပြကွက်

Angelo Erasmus Stagnaro က တော်ရုံလူ မလုပ်ပြနိုင်တဲ့ အံသြလောက်စရာ ပြကွက်တွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ Angelo က Myanmar's Got Talent 2019 ကို စတင်ယှဉ်ပြိုင်ခဲ့ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံရတာ ဖြစ်ပါတယ်။

Angelo Erasmus Stagnaro ကတော့ အံ့သြလောက်စရာ ပြကွက်ကြီးကို ပြသခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ Winner ဆုနဲ့ လွဲချောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ Angelo ရဲ့ ပညာကို လေးစားအားပေးကြတာ မျက်မြင်ပါပဲနော်။

Rowena
Source: Myanmar's Got Talent

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။