မက်ဆီက သူ့ကိုဘယ်လိုကူညီပေးခဲ့သလဲဆိုတာ ချိုးနှိမ်စွာ ထုတ်ဖော်ဖွင့်ဟလိုက်ပြီဖြစ်တဲ့မော်ရင်ဟို

Posted on - Sep 16 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီနာမည်ကျော်နည်းပြမော်ရင်ဟိုကတော့ ဘာစီိလိုနာတိုက်စစ်မှူးမက်ဆီကို ရွှန်းရွှန်းဝေချီးကျူးသွားခဲ့ပြီး မက်ဆီကြောင့်သူဟာ ပိုကောင်းတဲ့နည်းပြတစ်ဦးဖြစ်လာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဘောလုံးလောကရဲ့ Special One နည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရပြီး အောင်မြင်မှုများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူပြီး မော်ရင်ဟိုဟာ ကမ္ဘာကြီးဆီကို တိုးဝင်လာသူပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ နည်းပြဘ၀မှာ ပါရမီရှင်လို့ တင်စားခံထားရတဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ပြိုင်ဘက်အဖြစ် မကြာခဏ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ရသူဖြစ်ပါတယ်။ ဒါကပဲ သူ့ကိုပိုကောင်းစေခဲ့တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

မက်ဆီဟာ သူ့ရဲ့အသင်းသားတစ်ခါမှ မဖြစ်ဖူးခဲ့ပေမယ့် မက်ဆီကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကြိုးပမ်းရင်းနဲ့ပဲ သူဟာပိုကောင်းတဲ့နည်းပြတစ်ယောက်ဖြစ်လာခဲ့တာလို့ မော်ရင်ဟိုက ချိုးနှိမ်စွာနဲ့ ပွင့်ပွင့်လင်းလင်း ဖွင်ဟသွားခဲ့တာပါ။

"ကျွန်တော့်အပေါ်မှာ ကစားသမားတွေရဲ့ကျေးဇူးအများကြီးရှိတယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ နောက်ပြီး ကျွန်တော့်အသင်းသား မဖြစ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ကစားသမားတွေလည်း ရှိပါတယ်။

ဥပမာအနေနဲ့ ပြောရရင်မက်ဆီပါ။ သူဟာ ကျွန်တော့်အသင်းသားလုံးဝမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြင်ဆင်ရင်း၊ ကြိုးပမ်းရင်းနဲ့ပဲ ကျွန်တော်ဟာပိုကောင်းတဲ့နည်းပြတစ်ယောက် ဖြစ်လာခဲ့ပါတယ်"လို့ မော်ရင်ဟိုက ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ပြောဆိုပုံကို ပရိသတ်တွေကလည်း သဘောကျခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။