ဝတ်စုံကြောင့် လှေကားဆင်းရခက်နေတဲ့ ချစ်သူ Kim Chiu ကို ပွေ့ချီပြီးခေါ်လာတဲ့ Xian Lim

Posted on - Sep 16 []

Mia Zin

စာရေးသူ

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ဖိလစ်ပိုင်သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေထဲမှာ မင်းသား Xian Lim နဲ့ မင်းသမီး Xian Lim တို့ ၂ ယောက်လည်း ပါဝင်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြပေမယ့်လည်း မြန်မာပရိသတ်တွေကတော့ သူတို့ကို Bride for Rent ဆိုတဲ့ ဇာတ်ကားလေးနဲ့ စတင်ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သူတို့ ၂ ဦးဟာ သာမန်လုပ်ဖော်ကိုင်ဖက်တွေမဟုတ်ကြပဲ အပြင်လောကမှာလည်း ချစ်သူ၊ ရည်းစားတွေဖြစ်ကြတာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့ ၂ ဦးကို ပိုပြီးစိတ်ဝင်စားကြတာဖြစ်ပြီး ၂ ယောက်သားရဲ့ ရိုက်ကူးရေးအပြင်ဘက်က ဆက်ဆံရေးပုံစံလေးကလည်း ချစ်စရာကောင်း၊ ကြည်နူးစရာကောင်းတဲ့အတွက် ပရိသတ်တွေမှာ သူတို့စုံတွဲလေးကို အချစ်ပိုနေခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။

လူအများရှေ့မှာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထား၊ ဂရုစိုက်တတ်တာကလည်း သူတို့စုံတွဲလေးရဲ့ ချစ်စရာကောင်းတဲ့အချက်တစ်ချက်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၂ ယောက်အတူ တက်ရောက်ခဲ့တဲ့ပွဲအခမ်းအနားတစ်ခုမှာ Xian Lim တစ်ယောက် သူ့ရဲ့ ချစ်သူ Kim Chiu ကို ဂရုတစိုက်ရှိတဲ့ပုံစံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးဟာဆိုရင်လည်း လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါသေးတယ်။

အဲဒီပွဲကတော့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ 2019 ABS-CBN Ball ပွဲအခမ်းအနားဖြစ်ပြီး ထိုပွဲကို Kim Chiu ၀တ်ဆင်လာခဲ့တဲ့ ၀တ်စုံဟာဆိုရင် လှပခမ်းနားလွန်းတာကို ပရိသတ်တွေ ပုံပါအတိုင်းမြင်တွေ့ရမှာပါ။ သူမရဲ့ ချစ်သူဖြစ်တဲ့ Xian Lim ကလည်း ဆန်းသစ်တီထွင်ထားတဲ့ ရိုးရာဝတ်စုံမျိုးကို ၀တ်ဆင်ထားပြီး ကြည့်ကောင်းချောမောနေတာ ဖြစ်ပါတယ်။

၂ ယောက်သားရဲ့ ပွဲတက်လာမှုဟာ လိုက်ဖက်တယ်ဆိုသော်ငြားလည်း Kim Chiu ရဲ့ ၀တ်စုံဟာ သူမအတွက်တော့ သိပ်ပြီးနေထိုင်သွားလာရတာ အဆင်ပြေတဲ့ပုံမပေါ်ပါဘူး။ အထူးသဖြင့် လှေကားအတက်အဆင်းလုပ်တဲ့အခါမျိုးတွေမှာပေါ့။ ဒါပေမယ့်လည်း ဒီလိုမျိုးအခက်အခဲတွေဟာ Kim Chiu အတွက်ကတော့ သိပ်ပြီးစာဖွဲ့စရာမလိုတဲ့ပုံပါပဲ။

အကြောင်းကတော့ လှေကားဆင်းရမှာ အခက်တွေ့နေတဲ့ သူမကို သူမရဲ့ ချစ်သူဖြစ်တဲ့ Xian Lim က ချီပွေ့ပြီးခေါ်လာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Kim Chiu ကို ချီပြီး လှေကားကနေဆင်းလာတဲ့ Xian Lim ရဲ့ ထိုဗီဒီယိုဖိုင်လေးဟာဆိုရင် အခုလက်ရှိမှာ လူကြည့်များနေပြီး ဖိလစ်ပိုင်နိုင်ငံက မီဒီယာတွေအကြားမှာလည်း နာမည်ကြီးလျှက်ရှိနေပါတယ်။

ဝတ်စုံကြောင့် လှေကားဆင်းရခက်နေတဲ့ ချစ်သူ Kim Chiu ကို ပွေ့ချီပြီးခေါ်လာတဲ့ Xian Lim

Xian Lim နဲ့ Kim Chiu တို့ ၂ ယောက်ဟာ ၂၀၁၁ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ် စတင်ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ ၂ ဦးရဲ့ ချစ်သက်တမ်းက ၇ နှစ်ကျော် ၈ နှစ်နီးပါးဖြစ်လို့နေပါပြီ။ သူတို့ချစ်သူစုံတွဲကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ၂ ယောက်သားကို အမြန်ဆုံးလက်ထပ်မင်္ဂလာဆောင်နှင်းစေချင်နေကြပြီလို့ သိရပါတယ်။

Ref : Cosmopolitan
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။