ကိုရီးယားမှာပြုလုပ်ခဲ့တဲ့ပွဲကို နောက်ကျမှရောက်လာခဲ့လို့ အပြစ်တင်ခံနေရတဲ့ Rihanna

Posted on - Sep 18 []

Shoonie JiJi

စာရေးသူ

နိုင်ငံခြားနာမည်ကြီးအဆိုတော် Rihanna ဟာဆိုရင် ကိုရီးယားမှာပြုလုပ်တဲ့ "Artistry and Beauty" အလှနဲ့ဆိုင်ရာပတ်သတ်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့က တက်ရောက်ခဲ့ရာမှာ အချိန်နောက်ကျခဲ့တဲ့အတွက် ဝေဝန်မှုတွေခံနေရတာပဲဖြစ်ပါတယ်။ ပွဲချိန်ကို ညနေ ၅ နာရီလို့ စီစဉ်ထားခဲ့ပေမယ့် အချိန် ၂နာရီခွဲကြာနောက်ကျပြီး ည ၇နာရီခွဲမှသာ ပွဲကိုရောက်သွားခဲ့ပါတယ်။

နောက်ကျနေတဲ့အချိန်အတွင်းမှာ Rihanna က အင်စတာဂရမ်အကောင့်မှာ live လွှင့်ပြီး စနောက်သီချင်းတွေဆိုခဲ့ပါသေးတယ်။စောင့်နေရတဲ့ပရိသတ်တွေကို နောက်ကျနေရတဲ့အကြောင်းအရင်း ဘာထုတ်ပြန်ချက်မှမပေးတဲ့အတွက် Rihanna ရဲ့ ဒီပွဲကိုတက်ရပြီး ပိုက်ဆံနဲ့ပေးဝယ်ခဲ့ရပြီး အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ ပရိသတ်များနဲ့သတင်းထောက်မီဒီယာများကလည်း စိတ်ပျက်ပြီးပွဲကနေ ပြန်သွားခဲ့ကြပါတယ်။

Rihanna ဒီလိုနောက်ကျမှရောက်လာခြင်းကလည်း ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၀ မှာတုန်းက ကိုရီးယားနိုင်ငံကပြုလုပ်သွားခဲ့တဲ့ ပွဲတစ်ခုမှာလည်း ၁နာရီနီးပါးခန့်နောက်ကျမှလာခဲ့တာပါ။

"နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး လေးစားမှုအပြုအမူတွေကိုတော့ပြသင့်တယ်။ Rihanna ဆိုးလ်မြို့ကိုလာမယ်ဆိုလို့ ပျော်ခဲ့ပေမယ့် ကိုရီးယားကပရိသတ်တွေကို အထင်သေးသလိုဆက်ဆံတဲ့သဘောထားက သူမရဲ့နာမည်ကိုထိခိုက်စေလိမ့်"ဆိုပြီး ဝေဖန်နေခြင်းတွေ အများအပြားခံနေရတာပဲဖြစ်ပါတယ်။

Rihanna ဘက်ကတော့ ကားလမ်းတွေပိတ်နေတာကြောင့် နောက်ကျသွားတဲ့အတွက် တောင်းပန်စကားပြန်လည်ပြောဆိုခဲ့ပြီး ပွဲကိုပြုလုပ်သွားခဲ့ပါတယ်။

winkie
Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။