အဖွဲ့တွေထဲမှာ လူမုန်းအများဆုံးခံရတဲ့ အဖွဲ့ဝင် Idol (၈) ယောက်
Mia Zin
စာရေးသူ
အောင်မြင်လူကြိုက်များတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်ပေါင်းများစွာရဲ့ ချစ်ခင်နှစ်သက်အားပေးခြင်းကိုခံရသလို မလိုမုန်းတီးသူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ရရှိတတ်တာက သဘာဝပါ။ အလွယ်ပြောရရင်တော့ ဘာမှမလုပ်လည်းပဲ အသားလွတ်အမုန်းခံနေရတာမျိုးပေါ့။ အခုတင်ဆက်ဖော်ပြပေးမယ့် Idol (၈) ယောက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တွေများစွာရရှိထားကြသော်လည်း အဖွဲ့တွေထဲမှာ လူမုန်းအများဆုံးခံရတဲ့ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ဒီလိုဆိုရင် သူတို့ ၁၀ ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
1. Taeyeon (SNSD)

SNSD အဖွဲ့ဟာ စတင်ပွဲထွက်ချိန်တုန်းကဆိုရင် ဝေဖန်တိုက်ခိုက်မှုတွေကို တော်တော်လေးခံစားခဲ့ရဖူးပါတယ်။ ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အထဲမှာ လူမုန်းအများဆုံးနဲ့ တိုက်ခိုက်ခံရသူနဲ့ ဆိုးရွားတဲ့ ကောလဟာလပေါင်းများစွာကို တာဝန်ယူရသူကတော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Taeyeon ပဲဖြစ်ပါတယ်။ ဒါ့အပြင် EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Baekhyun နဲ့ ဒိတ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့စဉ်အချိန်တုန်းကလည်း အပြစ်တင်မှုတွေ၊ ဝေဖန်မှုတွေများစွာကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။
2. CL (2NE1)

K-pop အဖွဲ့တစ်ဖွဲ့အနေနဲ့ မကောင်းသတင်းတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် အများဆုံး တိုက်ခိုက်ခံရသူ၊ အဝေဖန်ခံသူကတော့ အဖွဲ့ခေါင်းဆောင်နေရာကို တာဝန်ယူထားတဲ့သူပါပဲ။ ဒါကြောင့်မို့လို့ 2NE1 ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ CL ဟာလည်းပဲ ဆိုးရွားတဲ့တိုက်ခိုက်မှုတွေများစွာကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ သီချင်းလည်းအဆိုကောင်းသလို၊ Rap ရွတ်တဲ့နေရာမှာလည်း အရည်အချင်းရှိတဲ့သူမဟာ ခေါင်းဆောင်နိုင်စွမ်းလည်းရှိတဲ့သူတစ်ယောက်ဆိုပေမယ့် အပြစ်မရှိ အပြစ်ရှာပြီး တိုက်ခိုက်ခံခဲ့ရသူဆိုရင်လည်း မမှားပါဘူး။
3. Baekhyun (EXO)

နာမည်ကျော် ထိပ်တန်း idol အဖွဲ့ထဲက တစ်ဖွဲ့အပါအ၀င်ဖြစ်တဲ့ EXO ဟာဆိုရင် ပရိသတ်အင်အားအခိုင်အမာရှိသလို မုန်းတီးတိုက်ခိုက်ကြသူတွေလည်းရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုမျိုးတိုက်ခိုက်မှုတွေများစွာရှိတဲ့အထဲမှာမှ လူမုန်းခံရဆုံးအဖွဲ့ဝင်ကတော့ Baekhyun ဖြစ်ပြီး အမုန်းခံရတဲ့အကြောင်းအရင်းကတော့ အဖွဲ့ထဲမှာ သီချင်းစာသားအများဆုံးသီဆိုရသူ ဖြစ်လို့ပါတဲ့။ အဆိုပိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်တာမို့လို့ သီချင်းစာသားအများဆုံးဆိုရတာက မထူးဆန်းသော်ငြားလည်း အပြစ်မရှိအပြစ်ရှာပြီး ပြောဆိုဝေဖန်တတ်ကြတဲ့သူတွေအတွက်ကတော့ အပြစ်တစ်ခုအသွင်ဖြစ်လို့နေတာ ဖြစ်ပါတယ်။
4. Jungkook (BTS)

တကယ်လို့များ မလိုမုန်းတီးတွေအတွက် ပြီးပြည့်စုံတဲ့ အရည်အချင်းတွေရှိနေတာက Idol တစ်ယောက်ကို မုန်းစရာကောင်းတဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုရင် Jungkook ကိုမုန်းကြရတာက ဒီလိုအကြောင်းအရင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုရမှာပါပဲ။ ပရိသတ်တွေအတော်များများကတော့ မုန်းတီးကြသူတွေအနေနဲ့ Jungkook ကို ဘယ်လိုမျိုးအကြောင်းအရင်းကြောင့် မုန်းကြသလဲဆိုတာကို စဉ်းစားလို့မရဘူးလို့ ဆိုကြပါတယ်။
5. Nayeon (TWICE)

Nayeon ကို မုန်းတီးကြတဲ့သူတွေရဲ့ အကြောင်းပြချက်ကတော့ Nayeon ဟာ TWICE ရဲ့ MV တွေထဲမှာ ကြာချိန်အများဆုံးပါဝင်တဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့်ပါပဲ။ တကယ်တော့ Nayeon ရဲ့ အလှဟာ TWICE အဖွဲ့ရဲ့ ဂီတပုံစံနဲ့ ကိုက်ညီတဲ့အလှမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြားသောအဖွဲ့ဝင်တွေထက် အနည်းငယ်ပိုပြီး ပါဝင်ချိန်ပိုများတဲ့သဘောဖြစ်တယ်လို့ ပရိသတ်တွေက ဖြေရှင်းပြထားပါတယ်။
6. Joy (Red Velvet)

Red Velvet ရဲ့ အဖွဲ့ဝင်ဖြစ်သူ Joy ကတော့ စတင်ပွဲထွက်ချိန်တုန်းက ခပ်ပြည့်ပြည့်ခန္ဓာကိုယ်အချိုးအစားကြောင့် သူမရဲ့ ပုံစံဟာ Red Velvet လိုမျိုး အရမ်းလှတဲ့အဖွဲ့နဲ့ မကိုက်ညီဘူးလို့ဆိုကာ ပြစ်တင်ဝေဖန်ခံခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် မကောင်းတဲ့ဝေဖန်ချက်တွေများစွာကြောင့် သူမဟာ စိတ်ဖိစီးမှုတွေကို ခံစားခဲ့ရပြီး ၀မ်းနည်းစွာငိုကြွေးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိအချိန်မှာတော့ သူမဟာ အလှဆုံးသော အမျိုးသမီး Idol တွေရဲ့ စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်လို့နေပါပြီနော်။
7. Kang Daneil (WANNA ONE)

ပြီးပြည့်စုံလွန်းတာကြောင့် အမုန်းခံကြေးဆိုရင်တော့ WANNA ONE ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Kang Daneil ဟာလည်းပဲ အမုန်းခံရမှာ အသေအချာပါပဲ။ မုန်းကြသူတွေရဲ့အကြောင်းပြချက်ကတော့ "WANNA ONE ရဲ့ သီချင်းတွေတိုင်းမှာ Kang Daneil သီဆိုရတဲ့ သီချင်းစာသားက အများဆုံးဖြစ်တာကြောင့်ပါပဲ။ ဒါ့အပြင် တခြားသောအဖွဲ့ဝင်တွေထက် တီဗွီအစီအစဉ်တွေအများအပြားမှာ ပါဝင်ရမှုနဲ့ ကြော်ငြာတွေပိုပြီးရိုက်ကူးရမှုကလည်း မုန်းတဲ့သူတွေအတွက် အကြောင်းပြချက်တွေဖြစ်လို့နေပါတယ်။
8. Jennie (BLACKPINK)

BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jennie ဟာဆိုရင် ပရိသတ်ပေါင်းများစွာရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားသလို မလိုသူတွေရဲ့ မုန်းတီးမှုကိုလည်း အများဆုံးခံရတဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူမကို မုန်းကြရတဲ့အကြောင်းအရင်းကတော့ အေးတိအေးစက်နိုင်လွန်းတဲ့ မျက်နှာထားရှိတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ဝင် ၄ ယောက်ထဲမှာ သူမဟာ YG ရဲ့ အရေးပေးမှုကို ပိုပြီးရရှိသူလို့လည်း ဆိုကြပါတယ်။ မုန်းတဲ့သူတွေက ဘယ်လိုပဲမကောင်းပြောပါစေ Jennie Kim တို့ကတော့ သူမ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နေတယ်ဆိုတာ Blink တွေ မျက်မြင်ပါပဲ။
Ref : Kpopline
Mia (Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ
Dec 14 2019 (29175 views)

သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ
Dec 14 2019 (30672 views)

ဖွေးဖွေးရဲ့အဖေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ တူမအလိမ္မာလေး ဝတ်မှုံရွှေရည်
Dec 15 2019 (8612 views)

၂၀၁၉ ခုနှစ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးသော ကိုရီးယားဒရမ်မာစုံတွဲ (၃) တွဲ
Dec 15 2019 (3074 views)

ရေကူးဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဝါဆိုမိုးဦး
Dec 15 2019 (4065 views)

သားလေးရဲ့ ပုံလေးတွေတင်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေမျှဝေလိုက်တဲ့ ပိုးအိအိခန့်
Dec 15 2019 (4097 views)

စွဲမက်ဖွယ် ခန္ဓာကိုယ်လှလှလေး ပေါ်လွင်နေတဲ့ ရေကူးဝတ်စုံနဲ့ ပုံတွေတင်လိုက်တဲ့ ဝါဆိုမိုးဉီး
Dec 15 2019 (3807 views)

ပွဲတက်လာသူတွေငေးကြည့်နေရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန်အလှ
Dec 15 2019 (5318 views)