နာမည်ကြီးတရုတ်မင်းသမီး Dilraba Dilmurat ရဲ့သိထားသင့်သောအကြောင်းအရာများ

Posted on - Sep 24 []

Shoonie JiJi

စာရေးသူ

တရုတ်မင်းသမီးလို့လူသိများကြမှာဖြစ်တဲ့ Dilraba Dilmurat ကတော့ နှစ်ပိုင်းလေးအတွင်းမှာတင် နာမည်ကြီးလာတဲ့မင်းသမီးတစ်လက်လို့ပြောလို့ရပါတယ်။၂၀၁၃ မှာသရုပ်ဆောင်အနေနဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ကြည့်ရှုနူန်းအများအပြားရခဲ့တဲ့ Eternal Love နဲ့The King's Womanတရုတ်ဇာတ်လမ်းတွဲတွေမှာ Dilraba ဟာ ပရိသတ်တွေရဲ့ချစ်ခင်မှုအများအပြားကိုရရှိခဲ့တာပဲဖြစ်ပါတယ်။Dilraba ဟာ အသက် ၂၇ နှစ်ရှိသွားပြီဖြစ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြုံးလေးနဲ့ လှပတဲ့မျက်ဝန်းလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Dilraba ရဲ့အနောက်တိုင်းဆန်တဲ့ရုပ်ရည်ကြောင့် တရုတ်လူမျိုးမှဟုတ်ရဲ့လားတောင်အထင်မှားကြရမှာပါ၊Dilraba ရဲ့လူမျိုးကတော့ Uyghur ပဲဖြစ်ပါတယ်။Uyghur လူမျိုးတွေဟာတရုတ်ပြည်အနောက်ပိုင်းမှာနေထိုင်ကြပြီး အစ္စလမ်ဘာသာကိုကိုးကွယ်ကြပါတယ်။Dilraba ဟာဘာသာစကားလေးမျိုးကိုလည်းပြောတတ်တဲ့အပြင် ကိုရီးယားနဲ့ထိုင်းစကားကိုလည်းအနည်းငယ်ပြောတတ်သူတစ်ယောက်ပါ။

Eternal Love နဲ့The King's Woman ဇာတ်လမ်းတွဲထဲက Vengo Gao, Vin Zhang, Huang Meng Ying သရုပ်ဆောင်တွေရှိကြတဲ့ တရုတ်မင်းသမီး Yang Mi ရဲ့ကိုယ်ပိုင်အေဂျင်စီနဲ့ Dilraba စာချုပ်ချုပ်ဆိုထားတာပဲဖြစ်ပါတယ်။Dilraba ဟာငယ်ငယ်ကတည်းက အနုပညာမှာဝါသနာပါတဲ့သူတစ်ဦးဖြစ်ပြီး အကကရတာကိုလည်းကြိုက်နှစ်သက်သူဖြစ်ပါတယ်။Dilrana ရဲ့ကလေးဘ၀တုန်းက ရေနစ်ခဲ့ဖူးတာကြောင့် ရေကိုကြောက်တတ်ပေမယ့်လည်း ရိုက်ကူးရေးမှာတော့ သတ္တိရှိစွာနဲ့ရင်ဆိုင်နိုင်ခဲ့ပါတယ်။

Dilrana ရဲ့ကိုယ်ပိုင်ဘ၀ရဲ့နေထိုင်မှုပုံစံတွေနဲ့အလေ့အကျင့်တွေကတော့ သာမန်မိန်းကလေးတွေနဲ့သိပ်မကွာခြားပါဘူးလို့ပြောပြခဲ့ဖူးပါတယ်။Dilrana ကတော့ကျော်ကြားတဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့အိမ်မှုကိစ္စတွေနဲ့ဈေးဝယ်ထွက်ပေးဖို့တွေအတွက်ကို ကူညီပေးဖို့အထောက်အကူတွေမလိုအပ်ပဲ တစ်ယောက်တည်းနဲ့လည်းရပ်တည်နိုင်တယ်လို့ဆိုပါတယ်။

Dilrana ဟာ ရုပ်ရည်ချောမောလှပတဲ့အပြင် သူမရဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုလက်ခံရရှိထားတာဟာ မထူးဆန်းလှပါဘူးနော်။ ဒုတိယတရုတ်မင်းသမီး ဖန်းဘင်းဘင်းဖြစ်လာမယ့်သူလို့တင်စားခံရတဲ့ တရုတ်မင်းသမီးချောလး Dilraba Dilmurat ကို ဒီကပရိသတ်ကြီးတွေလည်းကြိုက်နှစ်သက်ကြတယ်မလား..?

winkie
Ref:HotpotTv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။