လတ်တလောနာမည်ကျော်ကြားနေတဲ့ တရုတ်မင်းသား Wang Yibo ရဲ့သိထားသင့်သောအကြောင်းများ

Posted on - Sep 25 []

Shoonie JiJi

စာရေးသူ

လတ်တလောထုတ်လွှင့်သွားခဲ့တဲ့တရုတ်ဇာတ်လမ်းတွဲ "The Untamed" ဟာဆိုရင် လူစိတ်ဝင်စားမှုအများအပြားရရှိခဲ့ပြီး ကြည့်ရှုနူန်းများပြားခဲ့ကြတဲ့တရုတ်ကားပဲဖြစ်ပါတယ်။"The Untamed" ရဲ့အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Wang YiBo ဟာဆိုရင်လည်း ကြိုက်နှစ်သက်သူ ပရိသတ်တွေအခိုင်အမာရရှိနေတဲ့သူတစ်ယောက်ပါ။Wang Yibo ရဲ့အကြောင်းသိချင်ကြတဲ့ ပရိသတ်အသစ်တွေအတွက် သူ့ရဲ့သိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

Wang Yibo ကတော့ အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်ဖွားတရုတ်လူမျိုးဖြစ်ပါတယ်။Wang Yibo ဟာ ကိုရီးယားမှာ အထက်တန်းကျောင်းတက်ခဲ့တာဖြစ်ပြီး ကိုရီးယားစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ပါသေးတယ်။တရုတ်ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်တဲ့ UNIQ ရဲ့အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး အရည်အချင်းရှိသူတွေကို Idol တွေအဖြစ်မွေးထုတ်ပေးတဲ့ Produce 101 ဆိုတဲ့နာမည်ကြီးတရုတ်အစီစဉ်တစ်ခုမှာလည်း အကဆရာအဖြစ်ပါဝင်ခဲ့ပါသေးတယ်။

၂၀၁၉ ထဲမှာမှထုတ်လွှင့်ပြသသွားတဲ့ "The Untamed" တရုတ်ဇာတ်လမ်းတွဲထဲမှာ Lan Wang Ji ဇာတ်ရုပ်နဲ့ပါဝင်ခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကတော့ နာမည်ကြီး Boy love ၀တ္တုတစ်ခုကိုအခြေခံထားပြီး ပြန်လည်ကာ Bromance အနေနဲ့ရိုက်ကူထားတာပဲဖြစ်ပါတယ်။ တရုတ်မင်းသား Xiao Zhan နဲ့အတူအတွဲညီညီလိုက်ဖက်စွာသရုပ်ဆောင်မှုတွေဟာလည်း ပရိသတ်တွေရဲ့စိတ်နှလုံးကိုဖမ်းစားနိုင်ခဲ့ပါတယ်။

Wang Yibo ဟာဆိုရင် အားကစားတွေလုပ်ရတာ ၀ါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင် နာမည်ကြီးတံဆိပ်တွေအသုံးပြုရတာကိုလည်း ကြိုက်နှစ်သက်ပါသေးတယ်။ သူ့ရဲ့သဘောအကျဆုံးအနုပညာရှင်တွေကတော့ Kpop အဖွဲ့ဖြစ်တဲ့BigBang,နိုင်ငံခြားအဆိုတော် Rihanna, Chris Brown, Kanye West, Kendrick Lamar, A$AP, Beyonce တို့ဖြစ်တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ "The Untamed" fanmeeting ပရိသတ်တွေ့ဆုံပွဲကို ဇာတ်လမ်းတွဲကသရုပ်ဆောင်တွေနဲ့အတူ ထိုင်းဘန်ကောက်မြို့မှာပြုလုပ်သွားခဲ့ပါတယ်။Wang Yibo ကတော့ တကယ့်ကိုနာမည်ကြီးတဲ့သရုပ်မင်းသားအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။Yibo ကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေရှိရင်လည်း သဘောကျရတဲ့အကြောင်းလေးတွေကို ပြောကြည့်သွားပေးပါဦးနော်။

Ref:HotpotTV
Winkie (Momoalay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။