မိတ်ကပ်မပါလည်းပဲ ပြောင်းလဲခြင်းမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားကြတဲ့ TWICE အဖွဲ့ဝင်များ

Posted on - Dec 1 []

Mia Zin

စာရေးသူ

အမျိုးသမီး Idol တွေ တော်တော်များများအတွက်တော့ သူမတို့ရဲ့ မိတ်ကပ်မပါတဲ့မျက်နှာကို ကင်မရာရှေ့မှာဖော်ပြဖို့ဆိုတာ အတော်လေးကိုခက်ခဲတဲ့ကိစ္စတစ်ရပ်ပါ။ ပြင်ဆင်ခြယ်သမှုကင်းမဲ့တဲ့ မျက်နှာပြောင်ကို ဖော်ပြဖို့ဆိုတာဟာ သာမာန်မိန်းကလေးတွေအတွက်တောင် ခက်ခဲတာမို့လို့ idol တစ်ယောက်အတွက်ဆိုရင် ဘယ်လောက်တောင်များ ခက်ခဲလိုက်မလဲလေနော်။

ဒါပေမယ့်လည်း TWICE ရဲ့အဖွဲ့ဝင်တွေကတော့ သူမတို့ရဲ့ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ မျက်နှာကို ရဲရဲဝံ့ဝံ့ဖော်ပြရဲတဲ့ Idol တွေဖြစ်ကြပါတယ်။ မိတ်ကပ်မပါလည်းပဲ ပြောင်းလဲခြင်းမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားကြတဲ့ TWICE အဖွဲ့ဝင်တွေကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Momo

Momo ကတော့ သူမရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သတ်လို့ အသစ်အဆန်းတွေပြုလုပ်ရမှာကို အကြောက်အလန့်မရှိတဲ့သူ ဖြစ်ပါတယ်။ ဘယ်လိုမိတ်ကပ်ပြင်ဆင်မှုမျိုးနဲ့ပဲ ဖြစ်ပါစေ၊ အကုန်လုံးနဲ့ ကြည့်ကောင်းအဆင်ပြေတဲ့သူမဟာ မိတ်ကပ်မပါတဲ့အခါမျိုးတွေမှာလည်း ပြောင်းလဲခြင်းမရှိတဲ့ အလှတရားတွေ ပိုင်ဆိုင်ထားတဲ့သူလေးဖြစ်တယ်ဆိုတာကို ပရိသတ်တွေကိုယ်တိုင်အတွေ့ပါပဲ။

2. Chaeyoung

Chaeyoung ဟာဆိုရင်လည်းပဲ မိတ်ကပ်မပါတဲ့ မျက်နှာကို လူအများရှေ့ထုတ်ပြရမှာကို မစိုးရိမ်တဲ့သူ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဆိုရင် သူမရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာက ပိုပြီးလှပကြည့်ကောင်းတယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။

3. Nayeon

အဖွဲ့ထဲမှာ အချောဆုံးသော အဖွဲ့ဝင်လို့ သတ်မှတ်ခံထားရတဲ့ Nayeon ကတော့ တစ်ခါတစ်လေမှာ သူမရဲ့ နှုတ်ခမ်းကို ပိုပြီးဖူးသွားသယောင်ထင်စေရတဲ့ အရောင်ရင့်ရင့်တွေကို ဆိုးတတ်သူပါ။ ဒါပေမယ့်လည်း ဘယ်လိုမိတ်ကပ်ပြင်ဆင်မှုမျိုးနဲ့မဆို လိုက်ဖက်မှုရှိနေတာကတော့ သူမရဲ့ ကုသိုလ်ကံလို့ဆိုရမှာပါပဲ။ ဒါ့အပြင် မိတ်ကပ်မလိမ်းထားတဲ့အခါမှာဆိုရင်လည်း သိပ်ပြီးပြောင်းလဲမှု ကြီးကြီးမားမားမရှိတာကို တွေ့ရပါတယ်။

4. Jihyo

မျက်လုံးခပ်ဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ Jihyo ဟာဆိုရင်လည်းပဲ မိတ်ကပ်မလိမ်းတာနဲ့ လိမ်းတာမှာ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲမှုမရှိတဲ့သူ ဖြစ်ပါတယ်။

5. Dahyun

သီချင်းအဆိုကောင်း၊ Rap ရွတ်တာလည်း တော်တဲ့အပြင် အမြဲတမ်းကြည့်ကောင်းချောမောနေတဲ့ Dahyun ဟာဆိုရင်လည်း မိတ်ကပ်မပါရင်တောင်မှ ပိုပြီးလှပကြည့်ကောင်းတဲ့သူဖြစ်တယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

6. Sana

မင်းသမီးလေးတစ်ပါးလိုမျိုး လှပတဲ့အသွင်အပြင်ရှိတဲ့ Sana ရဲ့ အလှကတော့ မိတ်ကပ်လိမ်းထားရင် တစ်မျိုးကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေသလို မလိမ်းခြယ်ထားတဲ့အခါမှာဆိုရင်လည်း ရိုးရှင်းပြီးအေးချမ်းတဲ့အလှမျိုး ဖြစ်ပါတယ်။

7. Tzuyu

အလှဆုံးသော အမျိုးသမီး Idol တွေရဲ့ စာရင်းထဲမှာ အမြဲတမ်းလိုလိုပါဝင်နေကျဖြစ်တဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေး Tzuyu ရဲ့ အလှတရားတွေကိုတော့ သိပ်ပြီးတော့ စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး။ ငယ်ရွယ်နုပျိုတဲ့ အလှတရားတွေရှိတဲ့ သူမဟာ မိတ်ကပ်မလိမ်းခြယ်ထားရင်လည်း ပြောင်းလဲခြင်းမရှိတဲ့ အလှတရားတွေရှိသူ ဖြစ်ပါတယ်။

8. Jeongyeon

Jeongyeon ရဲ့ မိတ်ကပ်မပါတဲ့ အလှတရားတွေကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ သူမရဲ့ ကောင်းမွန်ကျန်းမာပြီး အပြစ်အနာအဆာမရှိတဲ့ အသားအရည်ကို မြင်တွေ့ရမှာပါ။

9. Mina

Mina ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာအလှကိုတော့ ပရိသတ်တွေအနေနဲ့ သေချာမြင်တွေ့ပြီးဖြစ်မှာပါ။ သူမရဲ့ စတိုင်လ်နဲ့ အလှအပတွေဟာဆိုရင် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သလို မိတ်ကပ်မပါတဲ့ သူမရဲ့သဘာဝမျက်နှာလေးဟာလည်း ပရိသတ်တွေအတွက် အချစ်တွေပိုလို့တိုးစေပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။