နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိတိုင်အောင် လက်တွဲထားကြဆဲဖြစ်တဲ့ ထိုင်းအနုပညာရှင်စုံတွဲများ

Posted on - Nov 16 []

Mia Zin

စာရေးသူ

လူတစ်ဦးနဲ့ တစ်ဦး ဖူးစာမှန်ပြီး ချစ်ကြိုက်ကြဖို့ဆိုတာဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့လို့ ဟစ်ကြွေးပြီးကာမှ အချိန်တိုအတွင်း ပြတ်စဲသွားကြတဲ့ အချစ်ရေးတွေ၊ အိမ်ထောင်ရေးတွေကို သင်တို့တွေရဲ့ ပတ်ဝန်းကျင်မှာ တွေ့မြင်ခဲ့ကြဖူးမှာပါ။ ဒါပေမယ့်လည်း ဖူးစာစစ်မှန်တယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိတိုင်အောင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ တွဲလက်မဖြုတ်ပဲ ရှေ့ဆက်နေကြတာတွေလည်း ရှိပါတယ်။ အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိတိုင်အောင် ဒီနေ့အချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် တွဲလက်ခိုင်မာနေဆဲဖြစ်ကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲပဲဖြစ်ပါတယ်။ ဒီစုံတွဲတွေထဲမှာ အိမ်ထောင်သည်စုံတွဲတွေလည်းပါဝင်နေသလို ချစ်သူစုံတွဲတွေလည်းပါဝင်နေတာကြောင့် သင်တို့သိကြတဲ့ စုံတွဲလေးတွေများ ပါဝင်ရဲ့လားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Kob Suvanant and Brook Danuporn (21 Years)

Kob လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီး Kob Suvanant ကတော့ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Brook Danuporn နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင်တော့ ရင်သွေးလေး ၂ ယောက်ကို ပိုင်ဆိုင်ရရှိထားသူဖြစ်ပါတယ်။ သူတို့ ၂ ဦးရဲ့ ချစ်သူသက်တမ်းနဲ့ အိမ်ထောင်သက်တမ်းကို ပေါင်းလိုက်ရင်တော့ ၂၁ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

2. Ken Theeradeth and Noi Bussakorn (18 Years)

မင်းသား Ken Theeradeth ကတော့ သူ့ရဲ့ ချစ်သူဖြစ်တဲ့ နာမည်ကြီးမင်းသမီး Noi Bussakorn နဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူတို့တွေရဲ့ အိမ်ထောင်သက်တမ်းက ၁၂ နှစ်ဖြစ်နေပြီ ဖြစ်ပါတယ်။ ချစ်သူသက်တမ်းပါထည့်တွက်မယ်ဆိုရင် သူတို့ ၂ ဦး လက်တွဲခဲ့ကြတာ ၁၈ နှစ်ရှိနေပြီလို့ သိရပါတယ်။

3. A Tinnabhan and Anne Thongprasom (17 Years)

နာမည်ကျော် သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ Anne Thongprasom ကတော့ Tinnabhan Tantinirandr နဲ့ ချစ်ကြိုက်နေတာ အခုဆိုရင် ၁၇ နှစ် ပတ်ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

4. Mick Baromvudh and Benz Pornchita (15 Years)

သရုပ်ဆောင်မင်းသား Mick နဲ့ မင်းသမီး Benz Pornchita တို့ လက်တွဲလာခဲ့ကြတာကတော့ ချစ်ကြိုက်ခဲ့တဲ့သက်တမ်းနဲ့ အိမ်ထောင်သက်တမ်းပေါင်းလိုက်ရင် ၁၅ နှစ် ရှိလို့နေပါပြီ။

5. Por Nattawut and Ae Pornthip (15 Years)

မင်းသား Por Nattawut နဲ့ မင်းသမီး Ae Pornthip တို့ကတော့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်းပါ အပါအ၀င်ဆိုရင် သူတို့ ၂ ဦးလက်တွဲလာခဲ့ကြတာ ၁၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

6. Boy Peachmaker and Jeab Pitjitra (14 Years)

အဆိုတော် Boy Peachmaker နဲ့ မင်းသမီး Jeab Pitjitra တို့ ၂ ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ ၁၄ နှစ်ရှိနေပြီလို့ သိရပါတယ်။

7. Cee Siwat and Amy Klinpratoom (14 Years)

မင်းသား Cee Siwat ကတော့ မင်းသမီး Amy Klinpratoom နဲ့ ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၅ နှစ်ကျော်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီသက်တမ်း ၂ခုကို ပေါင်းလိုက်ရင်တော့ သူတို့ ၂ ဦး လက်တွဲလာခဲ့ကြတာ ၁၄ နှစ်ကျော်လို့နေပါပြီ။

8. Ton Arch and Taew Natapohn (13 Years)

နာမည်ကြီးမင်းသမီး Taew Natapohn နဲ့ သူမရဲ့ ချစ်သူ Ton Arch တို့ ၂ ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ ၁၃ နှစ် ရှိလို့နေပြီ ဖြစ်ပါတယ်။

9. Matthew Deane and Lydia Sarunrat (11 Years)

မင်းသား Matthew Deane နဲ့ အဆိုတော်မလေး Lydia Sarunrat တို့ ၂ ဦးကတော့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ထပ်ချိန်မှာတော့ သူတို့ရဲ့ ချစ်သူသက်တမ်းက ၆ နှစ် ရှိနေပြီဖြစ်ပါတယ်။

10. Tor Thanapob and Meen (10 Years)

မြန်မာပရိသတ်တွေအနေနဲ့ Khun Sila လို့ အသိများတဲ့ မင်းသား Tor Thanapob ကတော့ သူ့ရဲ့ ချစ်သူ လေယာဉ်မယ် Meen နဲ့ ချစ်ကြိုက်လာခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

11. Pupaa Taechanarong and Mint Chalida (7 Years)

နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Mint Chalida ကတော့ သူမရဲ့ ချစ်သူ လုပ်ငန်းရှင်သူဌေး Pupaa Taechanarong နဲ့ ချစ်ကြိုက်လာခဲ့တာ အခုဆိုရင် ၇ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။

12. Weir Sukollawat and Bella Ranee Campen (6 Years)

မြန်မာပရိသတ်တို့ရဲ့ အချစ်တော်မင်းသမီးလေး Bella Ranee နဲ့ သူမရဲ့ ချစ်သူ နာမည်ကြီးမင်းသား Weir Sukollawat တို့ ၂ ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ ၆ နှစ်ရှိနေပြီလို့ သိရပါတယ်။

13. Pok Passakorn and Margie Rasri (5 Years)

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Margie Rasri နဲ့ သူမရဲ့ ခင်ပွန်း Pok Passakorn တို့ကတော့ ချစ်သူသက်တမ်း ၃ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

14. Mark Prin and Kimmy Kimberley Anne Woltemas (6 Years)

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်တဲ့ Mark Prin နဲ့ Kimmy Kimberley တို့ရဲ့ ချစ်သူသက်တမ်းကတော့ အခုဆိုရင် ၆ နှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

15. Dj Push Puttichai and Jooy Warattaya (6 Years)

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Push Puttichai နဲ့ သူ့ရဲ့ ဇနီး Jooy Warattaya တို့ ၂ ဦးကတော့ ချစ်သူသက်တမ်း ၅ နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။