Idol တွေဆီမှာရှိတဲ့ ပရိသတ်တွေ မသိလောက်ကြသေးတဲ့ ဓာတ်မတည့်မှုများ

Posted on - Dec 1 []

Mia Zin

စာရေးသူ

တချို့သောသူတွေဆီမှာ ဓာတ်မတည့်မှုတွေ ရှိတတ်ကြပါတယ်။ ပင်လယ်စာနဲ့ ဓာတ်မတည်ြ့ခင်း၊ ပန်းအနံ့တွေနဲ့ ဓာတ်မတည့်ခြင်း၊ အမွှေးအမျှင်တွေနဲ့ ဓာတ်မတည့်ခြင်း စသဖြင့်သော ဓာတ်မတည့်မှုတွေဟာ ဖြစ်ပွားလေ့ရှိတတ်တဲ့ ဓာတ်မတည့််မှုတွေဖြစ်ကြပါတယ်။ Idol တွေမှာလည်း အလားတူ ဓာတ်မတည့်မှုမျိုးတွေရှိတတ်ကြပါတယ်။ ဘယ် Idol တွေမှာ ဘယ်လိုမျိုးသော ဓာတ်မတည့်မှုလေးတွေရှိကြသလဲဆိုတာကို လေ့လာကြည့်လိုက်ပါဦးနော်။

1. Taeyeon (Girls’ Generation)

Taeyeon ကတော့ အခွံမာသီးတွေနဲ့ ဓာတ်မတည့်တဲ့ရောဂါရှိတာဖြစ်ပါတယ်။ ဒီလိုဓာတ်မတည့်မှုက ရှားပါးတဲ့ ဓာတ်မတည့်မှုတစ်ခုလည်းဖြစ်ပါတယ်။ Taeyeon ဟာ သူမအနေနဲ့ နည်းနည်းလေးစားလိုက်မိရင်တောင်မှ လည်ချောင်းထဲမှာ စို့တစ်လာပြီး အသက်ရှူရခက်ခဲလာတဲ့အထိကို ဆိုးဆိုးရွားရွားခံစားရတယ်လို့ဆိုပါတယ်။

2. Gikwang (Highlight)

Gikwang ကတော့ ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ဂုံးနဲ့ ဓာတ်မတည့်တာဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်မတည့်မှုက ဘယ်လောက်တောင်များဆိုးရွားသလဲဆိုရင် စားဖို့ပင်ဝေးစွ၊ အနံ့ရတာနဲ့တင် ခန္ဒာကိုယ်က ယားယံလာတယ်လို့ဆိုပါတယ်။

3. Park Kyung (BLOCK B)

BLOCK B ရဲ့ Park Kyung ကတော့ ကြောင်ကို မြင်တာနဲ့တင် နှာချေတာက မရပ်တော့ပါဘူး။ ကြောင်ရဲ့အမွှေးတွေက အန္တရာယ်ရှိတယ်ဆိုတဲ့အသိက သူ့ရဲ့ ဓာတ်မတည့်မှုကိုပိုဆိုရွားစေတာကြောင့် ကြောင်ကို မြင်တာနဲ့ ခပ်ဝေးဝေးမှာ နေတတ်တာက သူ့ရဲ့အကျင့်တစ်ခုလိုဖြစ်နေပါပြီလို့ဆိုပါတယ်။

4. Onew (SHINee)

Onew ရဲ့ ဓာတ်မတည့်မှုကတော့ ဖရဲသီးတို့ သခွားသီးတို့ဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့ ဘယ်လိုအသီးမျိုးကိုဆို မစားနိုင်တာကြောင့် SHINee တခြားအဖွဲ့သားတွေက အဲဒီအသီးကို စားချင်တယ်ဆိုရင် Onew နဲ့ ဝေးဝေးမှာ သွားစားရပါတယ်တဲ့။

5. Junsu (JYJ)

လူတော်တော်များများဟာ ဆောင်အကုန် နွေဦးရာသီကို ကြိုက်နှစ်သက်ကြပေမယ့် Junsu ကတော့ ဒီလိုရာသီဥတုမျိုးကို မနှစ်သက်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ နွေဦးရာသီမှာ ပန်းပင်တွေက ကြွေကျလာတဲ့ ပန်းဝတ်မှုံတွေက သူ့ရဲ့ ခန္ဒာကိုယ်ကို ယားယံစေယုံမျှမက နှာချေ၊ နှာရည်ယိုစေတာကြောင့်ဖြစ်ပါတယ်။

6. Sunggyu (INFINITE)

Sunggyu ကတော့ နူးညံ့လွန်းတဲ့အရေအပြားရှိသူဖြစ်တာကြောင့် သတ္တုအမာတွေနဲ့ဆိုရင် မတည့်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဒီဇိုင်နာတွေက သူ့အတွက် အ၀တ်အစားစီစဉ်ပေးရင် သတိထားပြီးစီစဉ်ရတယ်လို့ ဆိုပါတယ်။

7. Dasom (Formerly of SISTAR)

Sistar ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Dasom ဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတစ်ဦးဖြစ်သော်လည်း အမွှေးအမျှင်တွေက သူမနဲ့ ဓာတ်မတည့်တာကြောင့် အားပါးတရချစ်လို့မရပါဘူးတဲ့။ တိရစ္ဆာန်တွေရဲ့ အမွှေးအမျှင်တွေက သူမရဲ့ အရေပြားကိုယားယံစေပြီး အသက်ရှူရလည်းခက်စေတာဖြစ်ပါတယ်။

8. Jessica Jung

ဂျက်စီကာကတော့ သူမမှာ သခွားသီးနဲ့ ဓာတ်မတည့်တဲ့ရောဂါရှိတဲ့အတွက် သခွားသီးကို အနံ့လည်းမခံနိုင်၊ စားလည်းမစားနိုင်ပါဘူးလို့ပြောဖူးပါတယ်။ ဟင်းခွက်ထဲမှာ သခွားသီးဖက် ၁ ဖက်လောက်ပါဝင်ရင်ကို သူမအနေနဲ့ အဲဒီဟင်းကို လုံးဝမတို့မထိတော့ပါဘူးတဲ့။

9. Dawon (SF9)

SF9 ရဲ့ အဖွဲ့ဝင်ဖြစ်သူ Dawon ဟာ ငါးအစိမ်းကို မစားနိုင်တဲ့အတွက် ငါးအစိမ်းနဲ့ပြုလုပ်ထားတဲ့ Sushi တို့ Sashimi တို့ကိုလည်း မစားနိုင်ပါဘူးတဲ့။ အဖွဲ့နဲ့ Sushi ဆိုင်မှာ သွားစားရင်တောင် သူက ချက်ပြုတ်ပြီးသား ဟင်းလျာကိုပဲ စားရတယ်လို့ သိရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။