သိထားသင့်တဲ့ တရုတ်မင်းသား Xiao Zhan ရဲ့အကြောင်းများ

Posted on - Sep 27 []

Shoonie JiJi

စာရေးသူ

The Untamed လို့ဆိုလိုက်​ရင်​​တော့ဖြင့်​ လက်​ရှိမှာပရိသတ်​​တွေကြား​ရေပန်းစား​နေတဲ့ တရုတ်​ကားတစ်​ကားဆိုတာသိကြမယ်​ထင်​ပါတယ်​။ထိုဇာတ်​လမ်းမှာ အဓိကသရုပ်​​ဆောင်​အဖြစ်​ပါဝင်​ခဲ့တဲ့ Xiao Zhan ဟာဆိုရင်​လည်း လက်​ရှိမှာပရိသတ်​​တွေကြားအလွန်​​ရေပန်းစားလို့​နေတဲ့ တက်​သစ်​စမင်းသားတစ်​လက်​ဆိုလည်းမမှားပါဘူး။ပရိသတ်​​တွေသိထားသင့်​တဲ့ Xiao Zhan နဲ့ပတ်​သက်​တဲ့အ​ကြောင်းအရာအချို့ကို​တော့ အခုလိုပဲ​ဖော်​ပြ​ပေးလိုက်​ရပါတယ်​​နော်​။

Xiao Zhan ရဲ့​မွေး​နေ့

Xiao Zhan ဟာဆိုရင်​​တော့ Chongqing,China မှာ ၁၉၉၁ ခုနှစ်​ ​အောက်​တိုဘာလ ၅ ရက်​​နေ့မှာ​မွေးဖွားခဲ့တာပါ။အရွယ်​နဲ့မလိုက်​​အောင်​ရုပ်​နုလွန်းတာမို့ မကြာခင်​မှာ Xiao Zhan ဟာ ၂၈ နှစ်​ပြည့်​​တော့မယ်​ဆိုတာက​တော့ မယုံနိုင်​စရာပါပဲ​နော်​။

X Nine အဖွဲ့ရဲ့အဖွဲ့ဝင်​တစ်​ဦးလည်းဖြစ်​ပါတယ်​။

Xiao Zhan ဟာ မူလအစကတည်းကသရုပ်​​ဆောင်​သာလုပ်​ဖို့ပြင်​ဆင်​ခဲ့​ပေမယ့်​ ​နောက်​ပိုင်းမှာ​တော့ Idol အဖြစ်​ Training ဆင်းခဲ့ပါတယ်​။၂၀၁၆ ခုနှစ်​ စက်​တင်​ဘာလမှာ​တော့ Xiao Zhan ဟာ X Nine အဖွဲ့ရဲ့ အဓိကအဆိုရှင်​အဖြစ်​ပွဲဦးထွက်​ခဲ့တာပဲဖြစ်​ပါတယ်​။

ကျောင်းမှာကတည်းက နာမည်​ကြီးခဲ့တဲ့ Xiao Zhan

Xiao Zhan ဟာ Chongqing Technology and Business University မှာ International Art Design ​မေဂျာနဲ့ဘွဲ့ရခဲ့တာပါ။ကျောင်းကလူ​တွေ​ပြောပြချက်​အရ​တော့ Xiao Zhan ဟာ​ကျောင်းမှာကတည်းက ဘယ်​သွားသွားသူ့​နောက်​ကိုမိန်းက​လေး​တွေအပုံလိုက်​ပါလာ​လေကျပါတဲ့။ဒီလိုရုပ်​ရည်​နဲ့မိန်းက​လေး​တွေဝိုင်းကြိုက်​ကြတာက​တော့ အံ့သြစရာရှိမယ်​မထင်​ပါဘူး​နော်​။

Xiao Zhan ရဲ့​ကြောင်​​လေး

Xiao Zhan မှာ Nut လို့​ခေါ်တဲ့​ကြောင်​​လေးရှိပါတယ်​။ဒါတင်​မကဘဲ The Untamed ထဲက Xiao Zhan ရဲ့ဇာတ်​​ကောင်​ဟာ ​ခွေးမုန်း​ပေမယ့်​ တကယ့်​ Xiao Zhan က​တော့ ​ခွေး​လေး​တွေကိုချစ်​တတ်​ပါတယ်​တဲ့။ခွေး​မွေးချင်​​ပေမယ့်​ ​ကြောင်​​လေးကိုပဲ​မွေးထားဖြစ်​တာက​တော့ ​ကြောင်​​တွေကပို​စောင့်​​ရှောက်​ဖို့လွယ်​ကူလို့ပါတဲ့။

Xiao Zhan ရဲ့သရုပ်​​ဆောင်​မှတ်​တိုင်​စိုက်​ထူနိုင်​ခဲ့တဲ့ကား

Xiao Zhan ဟာ The Untamed ဇာတ်​ကားနဲ့ လူသိများလာခဲ့တာမှန်​​ပေမယ့်​လည်း သရုပ်​​ဆောင်​ပိုင်းနဲ့ပတ်​သက်​ပြီးပိုမိုနားလည်​သ​ဘော​ပေါက်​လာ​စေခဲ့တာက​တော့ မကြာခင်​မှာပြသ​တော့မယ့်​ Darren Wang နဲ့တွဲဖက်​သရုပ်​​ဆောင်​ထားတဲ့ The Wolf ဇာတ်​ကားပါလို့ Xiao Zhan က​ပြောခဲ့ပါတယ်​။ဇာတ်​လမ်းရိုက်​ကူးစဉ်​က အရမ်းပင်​ပန်းပြီးကြိုးစားခဲ့ရပါတယ်​တဲ့။

Xiao Zhan လက်​ထပ်​ချင်​တဲ့အသက်​အရွယ်

Xiao Zhan က​တော့ မကြာခင်​မှာအသက်​ ၂၈ နှစ်​ပြည့်​​တော့မှာဖြစ်​​ပေမယ့်​ သူ့အ​နေနဲ့အလုပ်​ကိုသာအာရုံစိုက်​​နေရတဲ့အတွက်​ အချစ်​​ရေးကိုအ​လေးမ​ပေးနိုင်​​သေးပါဘူးတဲ့။ဒါ​ပေမယ့်​လည်း အင်​တာဗျူး​တွေမှာ​တော့ Xiao Zhan အ​နေနဲ့ အသက်​ ၃၅ နှစ်​မတိုင်​ခင်​​လောက်​မှာလက်​ထပ်​ချင်​ပါတယ်​လို့ ​ဖြေကြားခဲ့ပါတယ်​။

winkie
Ref:HotpotTV

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။