ဦးနှောက်အကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်မူပြုလုပ်ခဲ့ရဖူးတဲ့ ပေါင်ချိန်မင်းသားကြီး

Posted on - Sep 27 []

Shoonie JiJi

စာရေးသူ

ပေါင်​ချိန်​လို့ဆိုလိုက်​တာနဲ့ ငယ်​ဘ၀ကအမြဲ​စောင့်​ကြည့်​ခဲ့ရတဲ့ ပြည်​သူ့တရားရှင်​​ပေါင်​ချိန်​ ဇာတ်​လမ်းတွဲထဲက တရားသူကြီး​ပေါင်​ချိန်​ကို သတိရကြမှာအမှန်​ပါပဲ။ပေါင်​ချိန်​အဖြစ်​သရုပ်​​ဆောင်​ခဲ့တဲ့ ထိုင်​၀မ်​မင်းသားကြီး Jin Chao Chun ဟာဆိုရင်​​တော့ ဦး​နှောက်​အကျိတ်​ကိုဖယ်​ရှားဖို့ ခွဲစိတ်​ခဲ့ဖူးတာပဲဖြစ်​ပါတယ်​။

ပေါင်​ချိန်​အဖြစ်​အများသိကြတဲ့ မင်းသားကြီး Chao Chun ဟာအခုဆိုရင်​ အသက်​ ၆၅ နှစ်​ရှိ​နေပြီလည်းဖြစ်​ပါတယ်။၁၉၇၉ ခုနှစ်​ကတည်းက အနုပညာ​လောကထဲစတင်​၀င်​​ရောက်​လာခဲ့တာဖြစ်​ပြီး ၁၉၉၃ ခုနှစ်​မှာရိုက်​ကူးခဲ့တဲ့ ပြည်​သူ့တရားရှင်​​ပေါင်​ချိန်​ ဇာတ်​လမ်းတွဲမှာ​တော့ ​ပေါင်​ချိန်​အဖြစ်​နဲ့ ယ​နေ့အချိန်​အထိနာမည်​​ကျော်​ကြား​နေဆဲဖြစ်​တဲ့ မင်းသားကြီးပါပဲ။

လွန်​ခဲ့တဲ့နှစ်ပိုင်းလောက်တုန်းက ပေါင်ချိန်မင်းသားကြီးဟာ ကျန်းမာရေးရောဂါကြောင့် အသက်အန္တရယ်နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ​ပေါင်​ချိန်​ဟာ ၁၀ စင်​တီမီတာရှိတဲ့ဦး​နှောက်​အကျိတ်​ကို ခွဲစိတ်​ဖယ်​ရှားခဲ့ရတာဖြစ်​ပါတယ်​။Sina Entertainment က​တော့ လတ်​တ​လောမှာမှ ဒီအ​ကြောင်းကိုသတင်းထုတ်​ပြန်​ခဲ့ပြီး ​ခွဲစိတ်​မှုဟာ​အောင်​မြင်​ခဲ့​ကြောင်း ​ပြောကြားခဲ့ပါတယ်​။ခွဲစိတ်​မှု​ကြောင့်​ မင်းသားကြီးဟာ​တော့ ​ခေါင်းမှာ L ပုံသဏ္ဍာန်​ခွဲရာနဲ့ အလွန်​အမင်းအ​လေးချိန်​ကျဆင်းမှု​တွေဖြစ်​ခဲ့ရတယ်​လို့လည်း Sina Entertainment ဘက်​မှ ထည့်​သွင်း​ပြောကြားခဲ့ပါ​သေးတယ်​။

မင်းသားကြီးဟာ ​ကိုလက်​စထ​ရော​တွေမြင့်​တက်​ခဲ့ပြီး ဆီးချိုပါဖြစ်​ခဲ့​ပေမယ့်​လည်း သူ့ရဲ့ဇနီးဖြစ်​သူရဲ့​စောင့်​​ရှောက်​မှု​ကြောင့်​ ကိုယ်​အ​လေးချိန်​​ ၁၀၀ ကီလိုကိုထိန်းထားနိုင်​ခဲ့တာပဲဖြစ်​ပါတယ်​။ပေါင်​ချိန်​ရုပ်​​ကောင်​​ကြောင့်​ ဒီလိုအ​လေးချိန်​ကိုအမြဲထိန်းထားခဲ့​ပေမယ့်​ ခွဲစိတ်​မှုအပြီးမှာ​တော့ အ​လေးချိန်​ဟာကျဆင်းသွားခဲ့ရပါတယ်​။

ဒီလိုအသက်​အန္တရာယ်​နဲ့ရင်​ဆိုင်​ခဲ့ရတဲ့ ခွဲစိတ်​မှုကို Chao Chun ဟာ​အောင်​မြင်​စွာ​ကျော်​လွှားနိုင်​ခဲ့ပါတယ်​။လက်​ရှိမှာလည်း တင်းကျပ်​တဲ့ Diet ကိုလည်းလုပ်​​ဆောင်​​နေပြီး အမြန်​ဆုံးအ​ကောင်းပကတိပြန်​ဖြစ်​​အောင်​ Chao Chun ဟာလုပ်​​ဆောင်​​နေတာပဲဖြစ်​ပါတယ်​။

winkie (Momolay)
Ref:asiaone

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။