တင်​ပြီးခဏအကြာမှာတင်​ ပြန်​ဖျက်​သွားခဲ့တဲ့ Fan Bing Bing ရဲ့ဓာတ်​ပုံများ

Posted on - Sep 28 []

Shoonie JiJi

စာရေးသူ

တရုတ်​မင်းသမီးတစ်​ဦးဖြစ်​တဲ့ Fan Bing Bing လို့ဆိုလိုက်​ရင်​ မသိတဲ့သူရှား​လောက်​မယ့်​အထိ Fan Bing Bing ဟာနာမည်​ကြီးတဲ့မင်းသမီးတစ်​လက်​ပဲဖြစ်​ပါတယ်​။ဒါ​ပေမယ့်​လည်း Fan Bing Bing ဟာ ၂၀၁၈ ခုနှစ်​မှာ ပြသာနာများစွာကိုရင်​ဆိုင်​ခဲ့ရပြီး​နောက်​ ပရိသတ်​​တွေ​ရှေ့မှာအချိန်​အ​တော်​ကြာတိုင်​​ပျောက်​ကွယ်​လို့သွားခဲ့ပါတယ်​။

Fan Bing Bing ဟာ ၂၀၁၈ ခုနှစ်​မှာ အ​ခွန်​​ရှောင်​လွှဲမှုကိစ္စ​​ကြောင့်​ အစစ်​​ဆေးခံရပြီး​နောက်​ပိုင်း ပရိသတ်​​တွေ​ရှေ့က​နေ​ပျောက်​ကွယ်​သွားခဲ့ရတာပါ။Forbes China ရဲ့နာမည်​အကြီးဆုံး အနုပညာရှင်​ ၁၀၀ စာရင်းမှာ နှစ်​တိုင်းထိပ်​ဆုံးကသာရပ်​​တည်​ခဲ့​ပေမယ့်​ ၂၀၁၉ ခုနှစ်​မှာ​တော့ Fan Bing Bing ဟာ စာရင်းကပြုတ်​သွားတဲ့အထိကို ရင်​ဆိုင်​ခဲ့ရတာပဲဖြစ်​ပါတယ်​။

စက်​တင်​ဘာလ ၂၇ ရက်​​နေ့မှာ​တော့ Fan Bing Bing ဟာ Louis Vuitton ရဲ့ Brand Ambassador အသစ်​အဖြစ်​မိတ်​ဆက်​ခံခဲ့ရပြီး Louis Vuitton ဘက်​မှ Fan Bing Bing ရဲ့ဓာတ်​ပုံ​တွေကိုတင်​ခဲ့ပါတယ်​။ထိုပို့စ်​​ကြောင့်​ ပရိသတ်​​တွေဟာ Fan Bing Bing တစ်​​ယောက်​ အရင်​ကကြုံခဲ့ရတဲ့အခက်​အခဲ​တွေကို​ကျော်​လွှားပြီး အနုပညာ​လောကကိုပြန်​လည်​၀င်​​ရောက်​​လာပြီလို့ထင်​ခဲ့ကြ​ပေမယ့်​လည်း ထိုပို့စ်​ဟာတင်​ပြီးမကြာခင်​အချိန်​မှာပဲ ပြန်​လို့ဖျက်​သွားခဲ့တာပဲဖြစ်​ပါတယ်​။

ဒါ​ကြောင့်​ ပရိသ​တ်​​တွေအ​နေနဲ့ Fan Bing Bing ဟာ သူမရင်​ဆိုင်​ခဲ့ရတဲ့ပြသာနာ​တွေကို​ကျော်​လွှားနိုင်​ဖို့ အချိန်​လိုအပ်​ဦးမယ်​လို့​ဝေဖန်​သုံးသပ်​ခဲ့ကြပါတယ်​။ဒါတင်​မကဘဲ 355 အမည်​ရှိတဲ့ ​ဟောလိဝုဒ်​ဇာတ်​ကားဟာ Fan Bing Bing အ​နေနဲ့ အနုပညာ​လောကထဲကိုပြန်​လည်​၀င်​​ရောက်​လာမယ့်​ ဇာတ်​ကားသစ်​ဖြစ်​တယ်​လို့ ထင်​မှတ်​ထားကြ​ပေမယ့်​ သုံးသပ်​ချက်​​တွေအရ Fan Bing Bing ဟာဇာတ်​ကားကိုရိုက်​ကူးနိုင်​ခြင်းမရှိခဲ့ပါဘူးတဲ့။

ဘယ်​လိုပဲဖြစ်​ဖြစ်​ Fan Bing Bing အ​နေနဲ့ အမြန်ဆုံးအခက်​အခဲ​တွေကိုအ​ကောင်းဆုံး​ကျော်​လွှားပြီး ပရိသတ်​​တွေဆီ အရင်​ Fan Bing Bing အဖြစ်​ပြန်​လည်​​ရောက်​ရှိလာဖို့ ​မျှော်​လင့်​ရမှာပါပဲ။ပရိသတ်​​တွေလည်း Fan Bing Bing ကိုအမြဲအား​ပေးကြမယ်​မလား...?

winkie (Momolay)
Ref:DramaPanda

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။