အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြတဲ့ ထိုင်းအနုပညာရှင်များ

Posted on - Sep 29 []

Mia Zin

စာရေးသူ

ထိုင်းအနုပညာရှင်တွေများစွာထဲမှာ တချို့သော အနုပညာရှင်တွေဟာ အချစ်ဆုံးသူငယ်ချင်းမိတ်ဆွေတွေအဖြစ်နဲ့ နှစ်ပေါင်းများစွာရင်းနှီးခင်မင်လာကြသူတွေ ဖြစ်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ friendship goals ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဖော်ပြထားကြတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

Pinky Savika and Yard Yardthip

အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ဖြစ်သူ Pinky Savika နဲ့ မင်းသမီး Yard Yardthip တို့ ၂ ယောက်ကတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ခရီးအတူသွားခဲ့ကြဖူးပြီး သူမတို့ သူငယ်ချင်း ၂ ယောက်အတူတွဲရိုက်ထားတဲ့ ပုံရိပ်တွေအချို့ကို အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေအတွက် မျှဝေပြခဲ့ကြပါတယ်။

Mike Pattaradet, Pooklook Fonthip, and Aum Patchrapa

ဒီမင်းသားတွေနဲ့ မင်းသမီးတွေဟာဆိုရင်လည်း ခရီးတွေမကြာခဏဆိုသလိုအတူသွားခဲ့ကြဖူးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ကြပြီး သူတို့တွေရဲ့ ခင်မင်မှုသက်တမ်းဟာ အတော်လေးကိုကြာမြင့်နေပြီလို့ သိရပါတယ်။

Preem Ranida, Bua Nalinthip, and Bella Ranee

အေဂျင်စီတူကြတဲ့ သူမတို့ ၃ ဦးဟာဆိုရင်လည်း အရမ်းကိုခင်မင်ရင်းနှီးကြသူတွေဖြစ်ပြီး ခရီးတွေကိုလည်း မကြာခဏဆိုသလို အတူသွားခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်။

Kimmy Kimberley, Yaya Urassaya, and Margie Rasri

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး ၃ လက်ဖြစ်တဲ့ သူမတို့တွေရဲ့ ခင်မင်မှုသက်တမ်းကတော့ ၉ နှစ်ကျော်ရှိနေပြီဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အားပေးတတ်ကြတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။