Paris နဲ့ London Fashion Week တွေမှာတစ်ဦးချင်းစီတောက်ပခဲ့ကြတဲ့ BLACKPINK အဖွဲ့ဝင်များ

Posted on - Sep 29 []

Shoonie JiJi

စာရေးသူ

လွန်​ခဲ့တဲ့အပတ်​​တွေမှာ​တော့ BLACKPINK အဖွဲ့ဝင်​​တွေဟာ Paris နဲ့ London မှာရှိတဲ့ Fashion Show အများအပြားကိုတစ်​ဦးစီတက်​​ရောက်​ခဲ့ကြတာပဲဖြစ်​ပါတယ်​။BLACKPINK အဖွဲ့ဝင်​​တွေဟာ ​မော်​ဒယ်​လ်​ပိုင်းမှာပါ​အောင်​မြင်​နိုင်​​လောက်​တဲ့အထိကို Fashion Show ​တွေမှာ တစ်​ဦးစီအလှပဆုံး​တောက်​ပလို့​နေကြတာပါပဲ။

London နဲ့ Korea မှာကျင်းပခဲ့တဲ့ Dior,Burberry နဲ့ Cartier Fashion Show ​တွေကိုတက်​​ရောက်​ခဲ့တဲ့ Jisoo ဟာဆိုရင်​​တော့ အရမ်းကိုထင်​ရှားစွာလှပလို့​နေခဲ့ပါတယ်​။Jisoo ရဲ့ဝတ်​စားပုံ​တွေဟာ Brand တစ်​ခုချင်းစီနဲ့အကုန်​လိုက်​ဖက်​ညီလှတဲ့အပြင်​ BLACKPINK အဖွဲ့ရဲ့ Visual ဆိုတဲ့ဂုဏ်​ကို​ဖော်​​ဆောင်​နိုင်​ခဲ့တာပဲဖြစ်​ပါတယ်​။

Rose' ဟာဆိုရင်​​တော့ Paris မြို့က Yves Saint Laurent ပွဲကိုတက်​ခဲ့ပြီး သူမရဲ့အလှဟာ လူတကာကိုမှင်​သက်​​လောက်​​စေခဲ့ပါတယ်​။ခပ်​မိုက်​မိုက်​ပုံစံနဲ့အရမ်းကိုလှပလို့​နေခဲ့တဲ့ Rose' ရဲ့အလှအပကို​တော့ Vogue က​နေ​တောင်​ သတင်း​တွေ​ရေးပြီး​ဖော်​ပြခဲ့တဲ့အထိပါပဲ။

အဖွဲ့ရဲ့အငယ်​ဆုံးဖြစ်​တဲ့ Lisa ဟာ​တော့ Paris က Celine ပွဲကိုတက်​​ရောက်​ခဲ့ပါတယ်​။Lisa ပွဲကိုတက်​​ရောက်​လာချိန်​မှာ​တော့ Twitter မှာ #LalisaXCelinePFW ဆိုတဲ့ Hashtag ဟာ Trend သူ​ပေါင်းသုံးသန်း​ကျော်​ခဲ့ပြီး Lisa ဟာ​တော့ ဒီလို Trending အများဆုံးရရှိတဲ့ပထမဆုံးထိုင်းအနုပညာရှင်​ဖြစ်​လာခဲ့ရပါတယ်​။

အဖွဲ့ရဲ့ဖက်​ရှင်​စတားလို့ဆိုရနိုင်​တဲ့ Jennie က​တော့ လက်​ရှိမှာတက်​​ရောက်​ထားတဲ့ပွဲမရှိ​သေး​ပေမယ့်​လည်း မကြာခင်​မှာ Chanel Fashion Show ကိုတက်​​ရောက်​ဖို့ရှိပါတယ်​တဲ့။အရင်​က Chanel ရဲ့ပွဲတိုင်းလိုလိုကိုတက်​​ရောက်​ခဲ့ဖူးတဲ့ Jennie ဟာ ​ဒီတစ်​ခါလည်းအမိုက်​စားဖက်​ရှင်​​တွေလည်း ​လျှောက်​လမ်း​ပေါ်မှာအ​တောက်​ပဆုံးဖြစ်​​နေဦးမှာက​တော့ အ​သေအချာပါပဲ။

winkie (Momolay)
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။