Idol ဖြစ်​လာဖို့ကို လက်​​လျှော့လုနီးပါးဖြစ်​ခဲ့ကြတဲ့ နာမည်​​ကျော်​ Kpop Idol များ

Posted on - Sep 29 []

Shoonie JiJi

စာရေးသူ

Kpop Idol တစ်​​ယောက်​ဆိုတာ လွယ်​လွယ်​ကူကူနဲ့ဖြစ်​မလာနိုင်​တာ ပရိသတ်​​တွေအသိပါပဲ။နှစ်​​ပေါင်းများစွာ အချိန်​​တွေရင်းပြီးကြိုးစားခဲ့ပြီးမှာသာ ​အောင်​မြင်​တဲ့ Idol ​တွေဖြစ်​လာနိုင်​တာပါ။ဒါ​ကြောင့်​လည်း လမ်းတစ်​၀က်​မှာတင်​လက်​​လျှော့ခဲ့ကြတဲ့လူ​တွေလည်းမနည်းမ​နောပါပဲ။ပရိသတ်​ကြီးအတွက်​ Idol ဘ၀ကိုလက်​​လျှော့လုနီးပါးထိဖြစ်​ခဲ့ကြဖူးတဲ့ နာမည်​ကြီး Kpop Idol ​တွေထဲကအချို့ကို​တော့ အခုလိုပဲ​ဖော်​ပြ​ပေးလိုက်​ရပါတယ်​။

Jungkook (BTS)

BTS အဖွဲ့ဝင်​မဖြစ်​လာနိုင်သ​လောက်​ထိဖြစ်​ခဲ့တဲ့ ​နောက်​ထပ်​အဖွဲ့ဝင်​က​တော့ Jungkook ပါပဲ။Jungkook ဟာ BTS နဲ့အတူပွဲဦးမထွက်​ခင်​ LA မှာအကသင်​ခဲ့ပြီး​နောက်​ အကကိုစိတ်​၀င်​စားလွန်းတဲ့အတွက်​ BTS က​နေထွက်​ပြီး ကျွမ်းကျင်​အကသမားအဖြစ်​ရပ်​တည်​လုနီးနီးဖြစ်​ခဲ့ပါတယ်​။ဒါ​ပေမယ့်​လည်း Jimin ဟာ Jungkook ကို ​ရေခဲမုန့်​ဝယ်​​ကျွေးပြီး ​သေချာစကား​ပြော​ဆွေး​နွေးခဲ့တာ​ကြောင့်​ Jungkook ဟာ BTS အဖွဲ့ဝင်​အဖြစ်​ဆက်​လက်​တည်​ရှိပြီးပွဲဦးထွက်​ခဲ့ပါတယ်​။အခုအချိန်​မှာ Jungkook ဟာဆိုရင်​ တစ်​ကမ္ဘာလုံးအတိုင်းအတာနဲ့ပါလျှမ်းလျှမ်း​တောက်​​အောင်​မြင်​​နေတဲ့ အနုပညာရှင်​တစ်​ဦးအဖြစ်​ရပ်​တည်​​လို့​နေတာပဲဖြစ်​ပါတယ်​​။

Seulgi ( Red Velvet)

Red Velvet အဖွဲ့ဝင်​ Seulgi ဟာ​တော့ Red Velvet အဖွဲ့နဲ့အတူပွဲဦးမထွက်​ခင်​ SM Entertainment မှာ ငါးနှစ်​​ကျော်​ကြာ​လေ့ကျင့်​ခဲ့ရတာဖြစ်​ပါတယ်​။ငါးနှစ်​တာ​လေ့ကျင့်​ခဲ့ပြီး​နောက်​ Idol အဖြစ်​ပွဲဦးမထွက်​နိုင်​​သေးခဲ့တဲ့အချိန်​မှာ​တော့ Seulgi ဟာ လမ်းမှန်​ကိုမှ​လျှောက်​​နေမိရဲ့လားဆိုတဲ့​တွေ​ဝေမှုနဲ့စိတ်​ပူမှု​တွေဖြစ်​လာခဲ့ရပါ​တော့တယ်​။နောက်​ဆုံးမှာ​တော့ Seulgi ရဲ့အ​မေဟာ Seulgi ကိုယုံကြည်​ပြီးအား​ပေးခဲ့တဲ့အတွက်​ အချိန်​အနည်းငယ်​ကြာပြီး​နောက်​မှာ​တော့ Seulgi ဟာ Red Velvet အဖွဲ့ဝင်​တစ်​​ယောက်​အဖြစ်​ပွဲဦးထွက်​နိုင်​ခဲ့ပါတယ်​။လက်​ရှိမှာ​တော့ Seulgi ဟာ Red Velvet အဖွဲ့ရဲ့ပင်​တိုင်​အကသမားအဖြစ်​သာမက အကအ​​တော်​ဆုံး Kpop Idol ​တွေထဲကတစ်​ဦးအဖြစ်​ ရပ်​တည်​လို့​နေပါတယ်​။

Jihyo (Twice)

TWICE အဖွဲ့​ခေါင်း​ဆောင်​ Jihyo ဟာ​တော့ TWICE အဖွဲ့ဝင်​ဖြစ်​မလာခဲ့ခင်​ ငယ်​စဉ်​ကတည်းက က​လေးဘ၀အရွယ်​​ပျော်​ရွှင်​မှု​တွေအကုန်​စွန့်​လွှတ်​ပြီး JYP Entertainment ရဲ့ Trainee ဖြစ်​လာခဲ့သူပါ။TWICE ဖြစ်​​ပေါ်လာ​စေခဲ့တဲ့ Sixteen ပြိုင်​ပွဲမတိုင်​ခင်​ JYP ကလျာထားခဲ့တဲ့မိန်းက​လေးအဖွဲ့ဟာ ဖျက်​သိမ်းခံခဲ့ရပြီး​နောက်​ပိုင်းမှာ Jihyo ဟာ Idol ဖြစ်​ဖို့ကိုလက်​​လျှော့ချင်​ခဲ့​လောက်​​အောင်​ စိ​တ်​ဓာတ်​ကျဆင်းခဲ့ပါတယ်​တဲ့​။ဒါ​ပေမယ့်​လည်း Jihyo ရဲ့မဆုတ်​မနစ်​ကြိုးစားမှု​တွေဟာ သူမကိုအ​အောင်​မြင်​ဆုံးမိန်းက​လေးအဖွဲ့​တွေထဲကတစ်​ခုရဲ့ ​ခေါင်း​ဆောင်​အဖြစ်​ရပ်​တည်​​စေနိုင်​ခဲ့ပါတယ်​။

Jhope (BTS)

BTS အဖွဲ့ရဲ့ Sunshine လို့တင်​စားရတဲ့ JHope ဟာ​တော့ BTS အဖွဲ့ပွဲဦးထွက်​ခါနီးမှာ အဖွဲ့ထဲကထွက်​မလိုဖြစ်​ခဲ့ဖူးပါတယ်​။ဒါ​ပေမယ့်​လည်း Jungkook ဟာ JHope ကိုထွက်​မသွားဖို့​ပြောရင်း မျက်​ရည်​ကျတဲ့အထိဖြစ်​ခဲ့သလို RM ဟာလည်း BTS အတွက်​ JHope ကအ​ရေးပါ​ကြောင်း​ဖြောင်းဖျခဲ့တဲ့အတွက်​ JHope ဟာသူ့ရဲ့ဆုံးဖြတ်​ချက်​ကိုပြန်​ပြင်​ပြီး BTS နဲ့အတူပွဲဦးထွက်​ခဲ့တာပါပဲ။JHope တစ်​​ယောက်​ BTS အဖွဲ့ဝင်​ဖြစ်​လာရတဲ့အဓိကအ​ကြောင်းအရင်းဟာ​တော့ အဖွဲ့သား​တွေကိုယုံကြည်​ပြီးအားကိုးခဲ့လို့ပဲဖြစ်​ပါတယ်​။အခုချိန်​မှာ​တော့ JHope ဟာ BTS နဲ့လက်​တွဲမဖြုတ်​ဘဲကြိုးစားခဲ့မှု​ကြောင့်​ BTS ရဲ့မရှိမဖြစ်​ Sunshine ဖြစ်​လာရုံသာမက ​အောင်​မြင်​တဲ့အနုပညာရှင်​တစ်​ဦးလည်းဖြစ်​လာခဲ့ပါပြီ။

winkie (Momolay)
Ref:Kpopmap

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။