Arthdal Chronicles ဇာတ်လမ်းမှာ​​​မင်းသမီးဇာတ်​ရုပ်​​တွေထက်​ အချိန်​ကြာကြာပိုယူပြင်ဆင်​ခဲ့ရတဲ့ Song Joongki နဲ့ Jang Donggun

Posted on - Sep 29 []

Shoonie JiJi

စာရေးသူ

လူကြိုက်​များတဲ့ကိုရီးယားကား​ကောင်းတစ်​ခုဖြစ်​တဲ့ Arthdal Chronicles ဇာတ်​လမ်းတွဲဟာ​တော့ လက်​ရှိမှာ Season 3 ခုထိထုတ်​လွှင့်​ပြီး ဇာတ်​သိမ်းသွားခဲ့ပြီပဲဖြစ်​ပါတယ်​။ဇာတ်​လမ်းထဲက အဓိကသရုပ်​​ဆောင်​နှစ်​ဦးဖြစ်​တဲ့ Song Joongki နဲ့ Jang Donggun တို့ဟာ​တော့ သူတို့နှစ်​ဦးဟာ ဇာတ်​လမ်းအတွက်​မိတ်​ကပ်​ပြင်​ရချိန်​ဟာ မင်းသမီး​တွေထက်​အချိန်​ကြာ​ကြောင်း​ပြောကြားခဲ့ကြပါတယ်​။

ဒီအ​ကြောင်းအရာကို​တော့ Song Joongki နဲ့ Jang Donggun တို့ဟာ Netflix ရဲ့ The Swoon မှာ​ပြောကြားခဲ့ကြတာပါ။ဒီအစီအစဉ်​မှာ​တော့ Arthdal Chronicles ဇာတ်​လမ်းထဲမှသရုပ်​​ဆောင်​​တွေဟာ ​မေးခွန်း​တွေ​ဖြေရင်း သူတို့ရဲ့ဇာတ်​​ကောင်​နဲ့ဇာတ်​လမ်းအ​ကြောင်း​တွေကို ​ပြောပြခဲ့ကြတာပဲဖြစ်​ပါတယ်​။

မေးခွန်း​တွေထဲကမှ ဇာတ်​​ကောင်​အတွက်​မိတ်​ကပ်​ပြင်​ဆင်​ဖို့ဘယ်​သူကအချိန်​အကြာဆုံးယူရလဲဆိုတဲ့​မေးခွန်းမှာ​တော့ Song Joongki နဲ့ Jang Donggun တို့ဟာမဲအများဆုံးရရှိခဲ့ကြပါတယ်​။ဒီမဲ​တွေကို​တော့ အခြားသရုပ်​​ဆောင်​​တွေသာမက သူတို့နှစ်​ဦးကိုယ်​တိုင်​ပါ မဲပြန်​​ပေးခဲ့ကြတာပါပဲ။

Jang Donggun က​တော့ သူရဲ့မုတ်​ဆိတ်​​မွှေးနဲ့ဆံပင်​ရှည်​ကြီးကိုပြင်​ဆင်​ရတဲ့အတွက်​ အချိန်​​တော်​​တော်​ကြာယူခဲ့ရတာလို့​ဖြေကြားခဲ့ပါတယ်​။Song Joongki အ​နေနဲ့​တော့ Eunseom ဇာတ်​​ကောင်​ဟာ ​နေ​ရောင်​ထိထားတဲ့ပုံစံမျိုးအသားအ​ရေဖြစ်​​တဲ့အတွက်​ ဒါနဲ့ပတ်​သက်​လို့အချိန်​အ​တော်​ကြာယူခဲ့ရတာ​ဖြစ်​​ကြောင်း ​ပြောကြားခဲ့ပါတယ်​။ဒါတင်​မကဘဲ Eunseom ဟာ ဒဏ်​ရာအမိားကြီးရရှိရတဲ့ဇာတ်​​ကောင်​ဖြစ်​တာမလို့ ဒဏ်​ရာအမာရွတ်​​တွေအတွက်​မိတ်​ကပ်​ပြင်​ဆင်​ရတာကလည်း အချိန်​ကြာပါတယ်​တဲ့။

Arthdal Chronicles ဇာတ်​လမ်းဟာ​တော့ သရုပ်​​ဆောင်​​တွေပါ​သေချာအချိန်ယူပြင်​ဆင်​ပြီးရိုက်​ကူးခဲ့ရပြီး ရိုက်ကူးစရိတ်အများကြီးကုန်ကျခဲ့တဲ့ ဇာတ်​လမ်းပဲဖြစ်​ပါတယ်​။ပရိသတ်​ကြီး​ရော Arthdal Chronicles Season 2 ကိုစောင့်မျှော်နေကြပါပြီလား...?

winkie (Momolay)
Ref:Kstarlive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။