Jimin ရဲ့အလယ်​တန်းတုန်းပုံစံကို​ပြောပြခဲ့တဲ့ အတန်းပိုင်​ဆရာ

Posted on - Sep 29 []

Shoonie JiJi

စာရေးသူ

BTS အဖွဲ့ဝင်​ Jimin ဟာဆိုရင်​​တော့ ကြင်​နာတတ်​ပြီးချစ်​ဖို့​ကောင်းတာ​တွေ​ကြောင့်​ BTS အဖွဲ့ရဲ့နတ်​သား​လေးတစ်​ပါးလို့ ပရိသတ်​​တွေကသတ်​မှတ်​ထားကြတဲ့အထိပါပဲ။Jimin တစ်​​ယောက်​ အလယ်​တန်းတုန်းကလည်းဘယ်​လိုပုံစံရှိခဲ့လဲဆိုတာကို​တော့ Jimin ရဲ့အလယ်​တန်းတုန်းကအတန်းပိုင်​ဆရာက ပြန်​လည်​မျှ​ဝေ​ပေးခဲ့ပါတယ်​။

ဒီအ​ကြောင်းကို​တော့ ဘူဆန်​ကအထက်​တန်း​ကျောင်းသားတစ်​ဦးက အွန်​လိုင်း​ပေါ်မှာတင်​ခဲ့တာပါ။ကျောင်းသား​လေးရဲ့​ပြောပြချက်​အရ​ သူတို့ရဲ့လက်​ရှိသိပ္ပံဆရာဟာ Jimin ရဲ့အလယ်​တန်းတုန်းကအတန်းပိုင်​ဆရာဖြစ်​ခဲ့ဖူးပြီး အဲ့ဆရာက​တော့ Jimin အမြဲလိုလို​ပြောပြ​လေ့ရှိတဲ့ သူ့အတွက်​အမှတ်​အရဆုံးဆရာပါပဲတဲ့။

ဒါ့အပြင်​ ​ကျောင်းသား​လေးက စာသင်​ခန်းမှာ Jimin နဲ့ပတ်​သက်​လို့ဆရာက​ပြောပြခဲ့ဖူးတာ​တွေကို ပြန်​လည်​လို့​ဝေမျှခဲ့ပါတယ်​။ဆရာရဲ့​ပြောပြချက်​အရ Jimin ဟာအ​ခြေအ​နေသိပ်​မ​ကောင်းတဲ့မိသားစုကဖြစ်​​ပေမယ့်​ ​ကျောင်းမှာ​တော့တကယ်​ကိုလိမ္မာပြီးကြိုးစားတဲ့​ကျောင်းသား​လေးပဲဖြစ်​ပါတယ်​တဲ့။Jimin ​နေခဲ့တဲ့ပတ်​၀န်းကျင်​ဟာ စာလုပ်​ဖို့အဆင်​မ​ပြေတဲ့ပတ်​၀န်းကျင်​ဖြစ်​​ပေမယ့်​လည်း Jimin ဟာ အလယ်​တန်းတတိယနှစ်​မှာ​တော့ အတန်း​ခေါင်း​ဆောင်​ပါဖြစ်​ခဲ့တယ်​လို့​ပြောခဲ့ပါ​သေးတယ်။

ဒါတင်​မကဘဲ Jimin ရဲ့ဖခင်​ဟာ Jimin ကိုအစိုးရ၀န်​ထမ်းဖြစ်​​စေချင်​ခဲ့​ပေမယ့်​ Jimin က​တော့ သူ့ရဲ့အလယ်​တန်းတတိယနှစ်​မှာ အနုပညာ​ကျောင်းကိုတက်​ချင်​တယ်​လို့ဆိုလာခဲ့တာပဲဖြစ်​ပါတယ်​။Jimin ရဲ့ဝါသနာနဲ့အိပ်​မက်​​ကြောင့်​ အ​ဖေဖြစ်​သူဟာအံ့အားသင့်​ခဲ့ရပြီး ​ဆွေး​နွေးမှု​တွေပြုလုပ်​ဖို့​ကျောင်းကို​တောင်​လာခဲ့ပါ​သေးတယ်​တဲ့။

ဒါ​ပေမယ့်​လည်း​နောက်​ဆုံးမှာ​တော့ အတန်းပိုင်​ဆရာရဲ့​ဖြောင်းဖျမှုနဲ့အတူ Jimin ဟာ အနုပညာအထက်​တန်း​ကျောင်းကိုတက်​ခွင့်​ရခဲ့ပြီး သူဝါသနာပါရာအကကိုသင်​ကြားရင်း အခုလို BTS အဖွဲ့ဝင်​အဖြစ်​ပွဲဦးထွက်​ပြီး ​အောင်​မြင်​တဲ့အနုပညာရှင်​တစ်​​ယောက်​ဖြစ်​လာခဲ့ပါ​တော့တယ်​။ဒါတင်​မကဘဲ Jimin ရဲ့အကကျွမ်းကျင်​တာကိုသတိပြုမိပြီး အနုပညာဘက်​ကိုစိတ်​၀င်​စားလာ​စေခဲ့တာဟာလည်း Jimin ရဲ့အလယ်​တန်းအတန်းပိုင်​ဆရာ​ကြောင့်​ပဲဖြစ်​ပါတယ်​။

ကျောင်းသား​လေးက​တော့ အ​ဖေ့ကိုပါသိမ်းသွင်း​ပေးခဲ့တဲ့ဆရာ​ကြောင့်​သာမဟုတ်​ရင်​ အခုချိန်​မှာ Jimin ဟာ အစိုးရ၀န်​ထမ်းတစ်​ဦးဖြစ်​​နေနိုင်​တယ်​လို့ပါ စ​နောက်​ကာ​ပြောပြခဲ့​သေးတာပဲဖြစ်​ပါတယ်​။ဆရာ့ရဲ့​ကျေးဇူး​ကြောင့်​ အခုချိန်​မှာ Jimin ​လေးဟာ အ​အောင်​မြင်​ဆုံးအနုပညာရှင်​​တွေထဲကတစ်​ဦးဖြစ်​ပြီး ပရိသတ်​​တွေချစ်​ရတဲ့ BTS ရဲ့ Jimin လို့ဖြစ်​​ပေါ်လာခဲ့တာပါပဲ​။ကျောင်းသား​လေးရဲ့​ပြောပြချက်​အရ ဆရာနဲ့ Jimin ဟာအခုချိန်​ထိအဆက်​အသွယ်​ရှိပြီးရင်းနှီးဆဲလည်းဖြစ်​ပါတယ်​တဲ့​နော်​။

winkie(Momolay)
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။