ကြွေရုပ်ကလေးလိုလှပနေတဲ့ Lisa ရဲ့ပွဲတက်ဖက်ရှင်ပုံရိပ်လေးများ

Posted on - Sep 30 []

Shoonie JiJi

စာရေးသူ

Blackpink ရဲ့အငယ်ဆုံးအဖွဲ့ဝင်လေး Lisa ကတော့ အရည်အချင်းရှိသူတစ်ယောက်အပြင် ချောမောလှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ပုံစံတွေကိုလည်း ပိုင်ဆိုင်တဲ့သူပဲဖြစ်ပါတယ်။တက်ရောက်နေတဲ့ဖက်ရှင်ပွဲတွေမှာ အမြဲလိုလိုတောက်ပနေတဲ့ Lisa ဟာ အခုအခါမှာလည်း သူမရဲ့ပွဲတက်ဖက်ရှင်စတိုင်ကတော့ ပရိသတ်ကြီးကို မှင်သက်သွားစေနိုင်မှာဖြစ်ပါတယ်။

လတ်တလောက ပြင်သစ်မှာပြုလုပ်သွားခဲ့တဲ့ Paris Fashion Week ပွဲကို Lisa တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။Lisa ဟာ Celine တံဆိပ်ရဲ့ ကိုယ်စားပြုမော်ဒယ်တစ်ယောက်ဖြစ်ပြီး ဒီပွဲမှာလည်း Celine တံဆိပ်အဝတ်အစားနဲ့အတူမြင်တွေ့ခဲ့ရပါတယ်။Lisa ဟာအနောက်တိုင်းပုံစံ စတိုင်နဲ့ မိတ်ကပ်တို့ကို ပြင်ဆင်ထားခဲ့တဲ့အတွက် ပရိသတ်တွေ အံဩခဲ့ရပါသေးတယ်။

Lisa ရဲ့ပွဲတက်ပုံရိပ်တွေကို ကြွေရုပ်ကလေးနဲ့တူပြီး လှပတယ်လို့  လူအများက ချီးကျူးခဲ့ကြပါတယ်။ တချို့တွေကတော့ အနောက်ပိုင်းအနုပညာရှင်ပုံစံလိုပဲ လို့ပြောကြပါတယ်။

Lisa ဟာဆိုရင်တော့ တမူထူးခြားတဲ့ အနောက်ပိုင်းစတိုင် မိတ်ကပ်အညိုကို လိမ်းခြယ်ထားပြီး သူမရဲ့ဆံပင်အရောင်က  သူမကိုအနောက်တိုင်းလူမျိုးလို ထင်မှတ်သွားစေနိုင်ပါသေးတယ်။

တစ်နေ့ထက်တစ်နေ့ပိုပိုလှပလာတဲ့ Lisa လေးဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တောက်ပနေတဲ့အကြောင်းကို သက်သေပြသွားတာပဲနော်။ပရိသတ်ကြီးရော ကြွေရုပ်ကလေးနဲ့တူတဲ့ Lisa ရဲ့ အနောက်တိုင်းစတိုင်ဖက်ရှင်ကိုလည်း ကြိုက်နှစ်သက်ကြတယ်မလား..?

winkie(Momolay)
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။