တကယ့်လက်တွေ့ဘဝမှာ မမှတ်မိနိုင်လောက်အောင်ချောကြတဲ့ နာမည်ကြီးအနုပညာရှင်များ

Posted on - Sep 30 []

Shoonie JiJi

စာရေးသူ

ကိုယ်​သ​ဘောကျတဲ့ အနုပညာရှင်​​တွေနဲ့ လမ်းမှာရုတ်​တရက်​​တွေ့ဆုံရဖို့ဆိုနာ ပရိသတ်​တိုင်းရဲ့အိပ်​မက်​တစ်​ခုလိုပါပဲ​နော်​။ဒါ​ပေမယ့်​လည်း ကိုရီးယားအနုပညာရှင်​​တွေနဲ့ ရံဖန်​ရံခါလမ်းမှာ​တွေ့ဆုံဖူးတဲ့ ကိုရီးယားကလူ​တွေ​ပြောပြချက်​အရမှာ​တော့ အနုပညာရှင်​အများစုဟာ ဖန်​သားမျက်​နှာပြင်​ထဲမှာထက်​ အပြင်​မှာပိုမို​ချော​မော​နေတဲ့အတွက်​ မှတ်​မိဖို့​တောင်​ခဲယဉ်းလွန်းလှပါတယ်​တဲ့။ဒါ​ကြောင့်​ အပြင်​မှာ​သာမ​တော်​တဆ​တွေ့ခဲရင်​ ရုပ်​ရည်​​ချော​မောလွန်းတာ​ကြောင့်​ မှတ်​မိဖို့မလွယ်​တဲ့ အနုပညာရှင်​အချို့ကို ပရိသတ်​ကြီးအတွက်​ အခုလိုပဲ​ဖော်​ပြ​ပေးလိုက်​ရပါတယ်​​။

Jin(BTS)

Worldwide Handsome လို့​ခေါ်ရ​လောက်​တဲ့အထိ ​ချော​မောတဲ့ရုပ်​ရည်​ကိုပိုင်​ဆိုင်​ထားတဲ့ BTS အဖွဲ့ဝင်​ Jin ဟာ​တော့ အပြင်​မှာ​တွေ့ရင်​ လူစစ်​စစ်​ကို​တွေ့​နေရတာမှဟုတ်​ရဲ့လား? လို့အ​တွေးဝင်​​စေတဲ့အထိ ပြီးပြည့်​စုံလွန်းလှတာပဲဖြစ်​ပါတယ်​။

Suzy

Suzy ဟာဆိုရင်​လည်း ဖန်​သားပြင်​ထက်​မှာ သူမရဲ့ရုပ်​ရည်​ဟာသဘာဝဆန်​​နေနိုင်​​ပေမယ့်​ အပြင်​မှာ​တော့ သူမဟာနှိုင်းပြလို့မရတဲ့အထိ​တောင်​​ချော​မောပြီး မျက်​နှာ၊နှာ​ခေါင်းစတဲ့ မျက်​နှာအစိတ်​အပိုင်းတစ်​ခုချင်းစီကပါ ပြည့်​စုံ​နေသူဖြစ်​ပါတယ်​။

Baekhyun(EXO)

EXO အဖွဲ့ဝင်​ Baekhyun ဟာလည်း ဖန်​သားပြင်​ထက်​မှာ နူးညံ့တဲ့ပုံစံ​ပေါက်​​ပေမယ့်​ အပြင်​မှာ​တော့မယုံကြည်​ရ​လောက်​​အောင်​ ဆွဲ​ဆောင်​အား​ကောင်းလွန်းလှပြီး ​တွေ့လိုက်​ရသူ​တွေကိုအံ့အားသင်​​စေနိုင်​သူတစ်​ဦးပါပဲ။

Taeyeon(Girls' Generation)

Girls' Generation အဖွဲ့ဝင်​ Taeyeon ဟာလည်း ဖန်​သားပြင်​မှာ ရင်းနှီးလွယ်​ပြီးချစ်​စရာ​ကောင်းတဲ့ပုံစံရှိ​ပေမယ့်​ အပြင်​မှာတကယ်​​တွေ့လိုက်​ရရင်​​တော့ အနားကပ်​ဖို့​တောင်​ရှိန်​ရတဲ့အရှိန်​အ၀ါအပြည့်​နဲ့ ​ချော​မောလှပလွန်းသူမျိုးပဲဖြစ်​ပါတယ်​။

Park Bogum

မင်းသား Park Bogum က​တော့ အပြင်​မှာမြင်​လိုက်​ရရချင်းမှာတင်​ အသက်​ရှုမှားပြီး​​ငေးကြည့်​​စေနိုင်​​လောက်​တဲ့လူမျိုးပဲဖြစ်​ပါတယ်​။မြင်​လိုက်​တဲ့အချိန်​မှာ​ခေါင်းထဲဘာမှ​မမှတ်​မိဘဲ ပြီးမှသာ ဒါ Park Bogum ပဲလို့ပြန်​​တွေးမိ​စေ​လောက်​တဲ့အထိပါတဲ့။
ဖတ်ရှုပေးခဲ့ကြတဲ့ မိုမိုလေးပရိသတ်တွေကို ကျေးဇူးတင်ရှိပါတယ်။

winkie(Momolay)
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။