ကျန်းမာစွာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ G-Dragon

Posted on - Sep 30 []

Shoonie JiJi

စာရေးသူ

King Of Kpop လို့ခေါ်ဆိုရတဲ့ BIG BANG အဖွဲ့ဝင်ခေါင်းဆောင်ဖြစ်ပြီး တစ်ကိုယ်တော်အနုပညာရှင်အနေနဲ့ပါ အောင်မြင်ကျော်ကြားနေတဲ့ G-Dragon ဟာဆိုရင် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ GD ရဲ့စစ်ထဲကအခြေအနေကိုမမြင်တွေ့ရတာ တစ်နှစ်လောက်ရှိသွားပြီဖြစ်ပြီး လတ်တလောမှာတော့ GD ရဲ့စစ်ထဲကပုံရိပ်လေးဟာ ထွက်ရှိလာခဲ့တဲ့အတွက် ပရိသတ်တွေဟာ ဝမ်းသာကြည်နူးခဲ့ကြရပါတယ်။

ထွက်ရှိလာခဲ့တဲ့ GD ရဲ့ဓာတ်ပုံအရ တခြားစစ်မှုထမ်းသားတွေနဲ့ အတူရှိနေတာဖြစ်ပြီး Camera ကိုပြုံးပြီးကြည့်နေတာပဲဖြစ်ပါတယ်။ GD ဟာ ကျန်းမာရေးကောင်းနေတဲ့ပုံပေါက်ပြီး သူ့ရဲ့ပါးလေးကလည်း အရင်ကထက် ပြည့်ဖောင်းနေတာကိုတွေ့ရမှာပါ။

ဒီဓာတ်ပုံထွက်လာပြီးနောက်မှာတော့ GD ရဲ့ နာမည်အရင်းဖြစ်တဲ့ Jiyong ဟာ Twitter မှာ  Trending ဖြစ်ခဲ့ပါသေးတယ်။GD တစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေနေတဲ့အတွက်  ပရိသတ်တွေက ဂုဏ်ယူပြီးဝမ်းသာမိကြောင်းအနေနဲ့  ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

ပရိသတ်တွေကတော့ G-Dragon နဲ့ ကျန်ရှိတဲ့အဖွဲ့ဝင်တွေ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့် နေ့ရက်တွေကို ရေတွက်ရင်းနဲ့ စောင့်မျှော်နေကြပါတယ်။အခုအခါမှာတော့ GD ရဲ့ပြည့်ဖောင်းနေတဲ့ပုံလေးဟာ ပရိသတ်တွေကို ပြုံးပျော်စေနိုင်ခဲ့တာပါပဲနော်။

G-Dragon ဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကနေ တရားဝင်ပြီးဆုံးတော့မှာဖြစ်ပြီး
ပရိသတ်ကြီးဆီကို ပြန်လာဖို့ရက်အနည်းငယ်သာ ကျန်တော့တာဖြစ်ပါတယ်။

winkie (Momolay)
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။