ပရိသတ်တွေ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုကို ရဲရဲကြီးလုပ်ပြလိုက်တဲ့ နေခြည်ဦးရဲ့ဗီဒီယို

Posted on - Sep 30 []

Myint Myat

စာရေးသူ

နေခြည်ဦးလို့ ဆိုလိုက်တာနဲ့ အလှအပရေးရာတွေကို ပရိသတ်တွေအတွက် အကြံပေးသူတစ်ဦးအပြင်၊ အနုပညာကို ဝါသနာပါလွန်းလို့ အကောင်းဆုံး ကြိုးစားနေတဲ့ မင်းသမီးလေးလို့ပါ အားလုံးက ပြေးမြင်မိကြမှာပါ။ လက်ရှိမှာတော့ နေခြည်ဦးက Paris Fashion Week ကို တက်ရောက်ဖို့အတွက် ပဲရစ်သို့ ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့အလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးနေသူတစ်ဦးပါ။ လတ်တလောမှာတော့ နေခြည်ဦးက နှုတ်ခမ်းနီဆိုးနေရင်း ရုတ်တရက်ဆိုသလို နှုတ်ခမ်းနီတစ်တောင့်လုံးကို အားရပါးရ ဝါးစားပြခဲ့တာ တွေ့ရပါတယ်။ နေခြည်ဦးရဲ့မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေအကုန်လုံး အံ့အားသင့်ခဲ့ရတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် နှုတ်ခမ်းနီဆိုးနေရင်းနဲ့ ရုတ်တရက် နှုတ်ခမ်းနီတစ်တောင့်လုံးကို ဝါးစားပြလိုက်တဲ့ အရမ်းကို ဂေါ်လွန်းတဲ့ ​နေခြည်​ဦးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ "When you love Lorealmakeup so much " ဆိုပြီး အူကြောင်ကြောင်နိုင်တယ်လို့ ပြောလို့ရတဲ့ သူမရဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။

ပရိသတ်တွေတောင် အံ့သြတကြီးဖြစ်ခဲ့ရတဲ့ ​နေခြည်​ဦးရဲ့ဗီဒီယို

နေခြည်ဦးကတော့ လက်ရှိမှာ ပဲရစ်သို့ရောက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပရိသတ်တွေကို ဂုဏ်ယူစေရသူလေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ "အခမ်းနားဆုံး မေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်ဖို့လည်းကောင်း၊ လန့်ဖို့လည်းကောင်းတဲ့ ချီချီလေးရဲ့ဗီဒီယိုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Beautybynaychi's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။