ဝေဖန်သူတွေ များပြားနေတဲ့ ဟိုတယ်ခန်းထဲက ပုံအကြောင်း ဖြေရှင်းလိုက်တဲ့ ဟန်နေတာ

Posted on - Sep 30 []

Myint Myat

စာရေးသူ

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ လူငယ်အဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ Eternal Gosh အဖွဲ့ကတော့ လူငယ်ပရိသတ်တွေရဲ့အကြိုက်ကို ထိထိမိမိချပြနိုင်တာမို့ အောင်မြင်မှုတွေရရှိလာတာပဲ ဖြစ်ပါတယ်။ Eternal Gosh အဖွဲ့ရဲ့ အဆိုတော် ဟန်နေတာကလည်း သူ့ရဲ့အနုပညာ Talent ကြောင့်ရော ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့်ပါ နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ဝန်းရံနေကြတာပါ။ လတ်တလောမှာတော့ ဟန်နေတာက ဝေဖန်သံတွေ ဆူညံနေတဲ့ ဟိုတယ်အခန်းထဲက သူ့ရဲ့ပုံလေးတစ်ပုံအကြောင်း ထုတ်ရှင်းလိုက်တာ တွေ့ရပါတယ်။ အရှည်ကြီးမရှင်းပြပဲ တိုတိုနဲ့ထိထိမိမိ တုန့်ပြန်လိုက်တဲ့ ဟန်နေတာကတော့ တကယ့်ကို ပညာသားပါလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ပညာသားပါတဲ့ ဖြေရှင်းချက်တစ်ခုကို ပရိသတ်တွေသိအောင် ထုတ်ပြောလိုက်တဲ့ အဆိုတော် ဟန်နေတာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဟန်နေတာကတော့ အဆိုပါပုံလေးကို "ဒီနေ့ညနေ ၄း၀၀ မန္တလေး Central Point Shopping Centre မှာ Tuborg ကလုပ်တဲ့ Global Beer Responsibility Day ပွဲမှာ ကျွန်တော်ရှိပါမယ် 😈" ဆိုပြီး တင်ထားခဲ့တာပါ။ အဆိုပါပုံအောက်မှာတော့ မိန်းကလေးပတ် နာရီလေးတစ်ခုနဲ့ မိန်းကလေးခြေထောက်ကြီးပါနေတယ်လို့ ဝေဖန်ကြတဲ့ ပရိသတ်တွေများပြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့လိုဝေဖန်မှုတွေကိုတော့ ဟန်နေတာကတော့ "U D ကိုယ့်ခြေထောက် ကိုယ်ရှင်း" ဆိုပြီး သူတို့ Eternal Gosh အဖွဲ့ရဲ့မန်နေဂျာဖြစ်တဲ့ အကိုကြီးခြေထောက်ဖြစ်ကြောင်း ရှင်းထားတာပါ။

ဟန်နေတာရဲ့ဖြေရှင်းပုံလေးက သေသပ်ပြီး ပညာသားပါလွန်းလှပါတယ်နော်...။

အဆိုတော်အလုပ်ကို ရူးသွပ်လွန်းလို့ အကောင်းဆုံး ကြိုးစားနေတဲ့ ဟန်နေတာကတော့ လူငယ်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို တိုးတိုးပြီး ရရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမဟုတ်ရင် ပြတ်ပြတ်သားသား ဖြေရှင်းရဲတဲ့ ဟန်နေတာရဲ့အကြောင်းကို အချင်းချင်း ဝေမျှပေးလိုက်ကြပါဦးနော်။

Myint Myat
Source;Han Nay Tar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။