Song Jihyo ကိုအငိုတိတ်သွားစေနိုင်ခဲ့တဲ့ Lee KwangSoo ရဲ့စကားတစ်ခွန်း

Posted on - Sep 30 []

Shoonie JiJi

စာရေးသူ

တောင်​ကိုရီးယားမှာသာမက နိုင်​ငံတကာမှာပါ ပရိသတ်​​တွေရဲ့အချစ်​များစွာကိုလက်​ခံရရှိထားတဲ့ ရသစုံလင်​ရှိုးတစ်​ခုဖြစ်​တဲ့ Running Man ဟာ ၂၀၁၉ ခုနှစ်​မှာဆိုရင်​​တော့ ၉ နှစ်​တိုင်​တိုင်​ရှိခဲ့ပြီပဲဖြစ်​ပါတယ်​။၉ နှစ်​ပြည့်​အထိမ်းအမှတ်​အဖြစ်​နဲ့ Running Man အဖွဲ့သား​တွေဟာ ၉ နှစ်​ပြည့်​ပရိသတ်​​တွေ့ဆုံပွဲကိုလည်းကျင်းပခဲ့ကြပါ​သေးတယ်​။

စက်​တင်​ဘာလ ၂၉ ရက်​​နေ့မှာ ထုတ်​လွှင့်​ခဲ့တဲ့ Running Man အပိုင်းသစ်​မှာ​တော့ အဖွဲ့သား​တွေဟာ ပရိသတ်​​တွေ့ဆုံပွဲရဲ့​နောက်​ကွယ်​ကအ​ကြောင်း​တွေကို ပရိသတ်​​တွေဆီပြန်​လည်​​ဝေမျှခဲ့ကြပါတယ်​။Ji Sukjin နဲ့ Yoo Jaesuk တို့ဟာ​တော့ ပွဲပြီးတဲ့​နောက်​တစ်​ဖွဲ့လုံး ညစာသွားစားခဲ့တဲ့အ​ကြောင်းကို​ပြောပြခဲ့ကြပါတယ်​။

Jaesuk က Sukjin ဟာ စင်​​ပေါ်မှာငိုပြီးခံစားချက်​​တွေထုတ်​ပြချင်​​နေခဲ့တာဖြစ်​​ကြောင်း အရွှန်း​ဖောက်​​ပြောပြခဲ့ပါတယ်​။ဒီလို Jaesuk က​ပြောခဲ့တဲ့အခါမှာ​တော့ Yang Sechan ဟာလည်း Jaesuk ရဲ့စကားကို​ထောက်​ခံခဲ့ပါ​သေးတယ်​။

အဖွဲ့ဝင်​​တွေထဲမှာ Jihyo က​တော့ ပွဲမှာအပိတ်​စကား​ပြောကြစဉ်​ငိုချင်းချခဲ့တာပဲဖြစ်​ပါတယ်​​။ဒါ​ပေမယ့်​လည်း ငို​နေတဲ့ Jihyo ကို Kwangsoo က​နေနားနားကပ်​ပြီးတစ်​ခုခု​ပြောခဲ့တဲ့အချိန်​မှာ​တော့ Jihyo ဟာ ငို​နေရင်းကထရယ်​ပြီးအငိုတိတ်​ခဲ့ရပါတယ်​။

Jihyo ကိုအငိုတိတ်​​စေခဲ့တဲ့ Kwangsoo ​ပြောခဲ့တဲ့စကားဟာ​တော့ ပွဲပြီးရင်​ ပါတီမှာ​သောက်​ရမယ့်​အ​ကြောင်းကို​တွေးခိုင်းခဲ့တာဖြစ်​​ကြောင်း Kwangsoo က​ပြောပြခဲ့ပါတယ်​။Kwangsoo တို့က​တော့ တကယ်​​ပြောတတ်​တယ်​​နော်​။ပရိသတ်​ကြီးတို့လည်း Kwangsoo ရဲ့ငို​နေတဲ့သူငယ်​ချင်းကို​ချော့နည်းကို သ​ဘောကျုကြတယ်​မလား...?

winkie
Ref:Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။