မင်္ဂလာအကြိုညစာစားပွဲကို လူသိရှင်ကြား ကျင်းပခဲ့တဲ့ Justin bieberနဲ့ Hailey baldwin

Posted on - Sep 30 []

Myint Myat

စာရေးသူ

ကမ္ဘာကျော်အဆိုတော် Justin Bieber တစ်ယောက် ချစ်ရတဲ့ ဇနီးသည် Hailey Badwin နဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပဖို့အတွက် အကြိုမင်္ဂလာပွဲလေး ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ အဆိုပါသတင်းကတော့ နိုင်ငံတကာက မီဒီယာတွေကြားမှာ အရမ်းကို ဟော့ဖြစ်နေပြီး၊ ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။ Justin Bieber တို့ ဇနီးမောင်နှံကတော့ လက်ထပ်လက်မှတ်ထိုးထားတာ ကြာနေပြီဆိုပေမယ့် အခုမှ သူတို့ရဲ့ မင်္ဂလာပွဲအကြောင်းကို လူသိရှင်ကြား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကမ္ဘာကျော် အဆိုတော် Justin Bieber နဲ့ ဇနီးဖြစ်သူ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာအကြို ညစာစားပွဲက ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် Justin Bieber နဲ့ ဇနီးဖြစ်သူ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာအကြို ညစာစားပွဲကိုတော့ စက်တင်ဘာလ (၂၉) ရက်နေ့က Romantic ဆန်တဲ့ ကျွန်းလေးမှာ ရင်းနှီးတဲ့ မိတ်ဆွေ အယောက် (၄၀) နီးပါးကို ဖိတ်ကြားပြီး ပါတီကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ခန့်ညားတဲ့ သတို့သားအသွင်နဲ့ မြင်တွေ့ရတဲ့ Justin ရဲ့ပုံရိပ်တွေကလည်း အရမ်းကို ကြည့်ကောင်းနေသလို၊ အဖြူရောင် ဂါဝန်လေးနဲ့ လှချင်တိုင်းလှနေတဲ့ Hailey ကလည်း အရမ်းကို သိမ်မွေ့ပြီး လှပလွန်းနေတာပါနော်။

ဘယ်လောက်ပဲနှစ်တွေကြာကြာတွဲခဲ့ပါစေ ဖူးစာမမှန်ရင် မညားဘူးဆိုတာကိုတော့ Justin Bieber နဲ့ Hailey Baldwin တို့ ဇနီးမောင်နှံကတော့ ပြသလိုက်ပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကိုယ့်ရဲ့ဖူးစာဖက်နဲ့ အမြန်ဆုံးဆုံဆည်းပြီး လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Myint Myat
Source;Daily Mail

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။