K-pop Generation တစ်ခုဆီတိုင်းကို ကိုယ်စားပြုတဲ့ အမျိုးသမီး Idol အဖွဲ့များ

Posted on - Jan 11 []

Mia Zin

စာရေးသူ

သိပ်မကြာသေးတဲ့ရက်ပိုင်းလောက်တုန်းက တောင်ကိုရီးယားနိုင်ငံက အွန်လိုင်းအသုံးပြုသူတွေဟာ K-pop Generation တစ်ခုဆီတိုင်းကို ကိုယ်စားပြုတဲ့ အမျိုးသမီး Idol အဖွဲ့တွေကို စစ်တမ်းကောက်ယူခဲ့ရာ ထိုစစ်တမ်းကောက်ယူချက်တွေကနေတဆင့်ထွက်ရှိလာတဲ့ ရလဒ်တွေအရတော့ အခုဖော်ပြပေးမယ့်အဖွဲ့တွေကို K-pop ရဲ့ Generation တစ်ခုဆီတိုင်းကို ကိုယ်စားပြုတဲ့အဖွဲ့တွေအဖြစ်နဲ့ သတ်မှတ်ခဲ့ကြပါတယ်။

Fin.K.L - First Generation (1990s to early 2000s)

၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ကနေ ၂၀၀၀ ခုနှစ်အစောပိုင်းထိတိုင်အောင် တောင်ကိုရီးယားနိုင်ငံမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ K-pop Idol အဖွဲ့တွေထဲမှာ Fin.K.L အဖွဲ့ဟာ တစ်ဖွဲ့အပါအ၀င်ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင် ၄ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့လေးမှာ ပါဝင်ကြသူတွေကတော့ Lee Hyori, Ock Joohyun, Lee Jin နဲ့ Sung Yuri တို့ဖြစ်ကြပြီး သူတို့အဖွဲ့ရဲ့ အအောင်မြင်ဆုံးသီချင်းကတော့ “Eternal Love” ဖြစ်ပါတယ်။

သူမတို့အဖွဲ့ဟာ K-pop လောကရဲ့ အမြင့်ဆုံးဆုကြီးတွေဖြစ်ကြတဲ့ 1998 Golden Disc Awards ဆုပေးပွဲမှာ New Artist of the Year, 1999 Seoul Music Awards ဆုပေးပွဲမှာ Grand Prize နဲ့ 2000 Mnet Music Video Festival မှာ Best Female Group တို့ကို ရရှိခဲ့ကြဖူးတယ်လို့ သိရပါတယ်။

Girls’ Generation - Second Generation (2000’s to early 2010’s)

၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်ကနေ ၂၀၁၀ ခုနှစ် အစောပိုင်းပတ်ဝန်းကျင်အထိ နာမည်ကြီးလူကြိုက်များအောင်မြင်ခဲ့တဲ့ K-pop အဖွဲ့တွေများစွာထဲမှာ လူကြိုက်အများဆုံး အမျိုးသမီး Idol အဖွဲ့ကတော့ Girls’ Generation ပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၉ ယောက်နဲ့ ပွဲထွက်ခဲ့ကြတဲ့ သူမတို့အဖွဲ့ဟာ K-pop ဆိုတာကို နိုင်ငံတကာမှာ လက်ခံလာအောင် ကြိုးစားခဲ့ကြတဲ့အဖွဲ့ဖြစ်ပြီး ဒီနေ့အချိန်ထိတိုင်အောင် ပရိသတ်အခိုင်အမာရှိနေဆဲပါ။

အဖွဲ့မှာပါဝင်ကြတဲ့ အဖွဲ့ဝင်တွေကတော့ Taeyeon, Sunny, Tiffany, Hyoyeon, Yuri, Sooyoung, Yoona, Seohyun နဲ့ Jessica တို့ဖြစ်ကြပြီး Jessica ကတော့ ၂၀၁၄ ခုနှစ်မှာ အဖွဲ့ကနေ ထွက်ခွာခဲ့ပါတယ်။ တောင်ကိုရီးယားပြည်သူတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိခဲ့တဲ့ သူမတို့အဖွဲ့ကို “The Nation’s Girl Group” အဖြစ် ချစ်စနိုးသတ်မှတ်ခေါ်ဝေါ်ခဲ့ကြပြီး အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတွေဖြစ်ကြတဲ့ “Gee”, “Genie”, “Oh!” နဲ့ တခြားသော သီချင်းတွေဟာ K-pop ရဲ့ အမှတ်အသားပြုသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

Girls’ Generation အဖွဲ့ဟာ Youtube မှာ ကြည့်ရှုသူ သန်း ၁၀၀ ကျော်တဲ့ MV (၅) ပုဒ်ကို ပထမဆုံးရရှိခဲ့တဲ့ အာရှအမျိုးသမီးအဖွဲ့ဖြစ်ပြီး ဂျပန်နိုင်ငံမှာဆိုရင်လည်း ရောင်းအားအကောင်းဆုံးသော အယ်လ်ဘမ် ၃ ချပ်ကို ထွက်ရှိခဲ့တဲ့ ပထမဆုံးသော လူမျိုးခြားအဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော စံချိန်တွေများစွာလည်းတင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ Tour Concert လုပ်နိုင်တဲ့ ပထမဆုံးသော အမျိုးသမီး Idol အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

TWICE - Third Generation (Mid to Late 2010’s)

K-pop ရဲ့ တတိယမြောက်မျိုးဆက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီး Idol အဖွဲ့ကတော့ TWICE အဖွဲ့ဖြစ်ပြီး သူမတို့အဖွဲ့ဟာဆိုရင်လည်း “Nation’s Representative Girl Group” အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၉ ယောက်ပါဝင်ကြပြီး ပါဝင်ကြသူတွေကတော့ Nayeon, Jeongyeon, Momo, Sana, Jihyo, Mina, Dahyun, Chaeyoung နဲ့ Tzuyu တို့ ဖြစ်ပါတယ်။

သူမတို့အဖွဲ့ရဲ့ “Cheer Up”, “TT”, “Fancy You” အစရှိတဲ့ ဟစ်သီချင်းတွေဟာဆိုရင်လည်း ခေတ်သစ် K-pop လောကရဲ့ အမှတ်အသားတွေဖြစ်ပါတယ်။ ပွဲထွက်သက်တမ်း ၄ နှစ်မျှသာရှိသေးပေမယ့်လည်း ဆုပေါင်းများစွာကို ရရှိခဲ့ဖူးတဲ့ သူမတို့အဖွဲ့ဟာ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ပရိသတ်အင်အားအတောင့်တင်းဆုံးသော အမျိုးသမီး Idol အဖွဲ့ဖြစ်တယ်လို့ ဆိုကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။