စတုတ်စီးတီးအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ဂိုသမားဘတ်လန်းရဲ့အံ့အားသင့်ဖွယ်စွမ်းရည်

Posted on - Oct 5 []

Gunner Ksr

စာရေးသူ

ဂိုးသမားတစ်ယောက် ဟက်ထရစ်သွင်းယူခဲ့တယ်ဆိုတာ ယုံတမ်းပုံပြင်တစ်ခုမဟုတ်ဘဲ အမှန်တကယ်လက်တွေ့ဖြစ်ပွားခဲ့တာပါ။ ဒက်ဘတ်ခ်ျအသင်းနဲ့ လိဂ်ချန်ပီယံရှစ်ကလပ်စတုတ်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမားဘတ်လန်းက စတုတ်စီးတီးအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်လန်းဟာ ပွဲချိန်အတွင်းမှာ သွင်းယူပေးခဲ့တာတော့ မဟုတ်ဘဲ သူ့ရဲ့သွင်းယူပုံက ထူးဆန်းနေခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာတော့ နှစ်သင်းစလုံးရဲ့ သဘောတူညီချက်အရ ပင်နယ်တီ (၃) ကြိမ်စီ ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီမှာ စတုတ်စီးတီးအသင်း ကန်သွင်းရမယ့် ပင်နယ်တီ (၃) ကြိမ်စလုံးကို ဂိုးသမားဘတ်လန်းတစ်ဦးတည်းကပဲ အဆက်မပြတ် ကန်သွင်းယူသွားခဲ့တာပါ။ ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် ဘတ်လန်းက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် (၃) ကြိမ်စလုံးကို ၀င်အောင်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ စတုတ်စီးတီးအသင်းက တရားဝင် Twitter စာမျက်နှာမှာ "ဘတ်လန်းကတော့ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပြီး စွမ်းဆောင်ရည်ကောင်းကို ပြခဲ့ပါတယ်"လို့ ရေးတင်သွားခဲ့ပါတယ်။

ဘတ်လန်းရဲ့ ပင်နယ်တီကန်သွင်းမှုစွမ်းရည်ကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။ ကာကွယ်မှု မပြုလုပ်နိုင်ခဲ့ပေမယ့် ပင်နယ်တီ (၃) ကြိမ်စလံုးကို ၀င်အောင်ကန်သွင်းခဲ့တာဟာ အံ့မခန်းစွမ်းဆောင်ရည်လို့ ပရိသတ်တွေက ချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။ ဘတ်လန်းဟာ ၂၀၁၂ ခုနှစ်ကစတင်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။