ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့မင်္ဂလာဖိတ်စာ

Posted on - Oct 7 []

Myint Myat

စာရေးသူ

မင်းသမီးချော​လေး ချစ်စနိုးဦးက​တော့ ချိုသာတဲ့အပြုံး​လေးနဲ့ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားသူတစ်​ဦးပါ။ သရုပ်​​ဆောင်​ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာ​ရော ထူးချွန်​တဲ့ ချစ်စနိုးဦးက​တော့ ချစ်စရာအသံလေးနဲ့လည်း ပရိသတ်​​တွေကို ဖမ်းစားထားသူ​လေးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ချစ်​စနိုးဦးက သူမချစ်ရသူနဲ့ လက်ထပ်ပွဲကြီးဆင်နွှဲဖို့ ရင်းနှီးသူတွေဆီ လိုက်ဖိတ်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စနိုးဉီးရဲ့ ပရိသတ်တွေကတော့ သူမရဲ့ မင်္ဂလာသတင်းလေးအကြောင်းကြားပြီး အရမ်းကို ဝမ်းသာနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့ရိုးရိုးရှင်းရှင်း မင်္ဂလာဖိတ်စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် မင်းသမီးချောလေး ချစ်စနိုးဉီးကတော့ သူမရဲ့ ချစ်သူ အဆိုတော် တေးရေးဆရာ ကိုဖိုးသားနဲ့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့၊ Novotel Hotel မှာ ကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့ရဲ့ မင်္ဂလာဖိတ်စာလေး

ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့နှစ်ဉီးကတော့ နားလည်မှုတွေ၊ အချစ်တွေနဲ့ လက်တွဲလာခဲ့တာ ချစ်သူသက်တမ်း ၆နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

မိုမို​လေးချစ်​ပရိသတ်​တွေ​လည်း မကြာခင်​မင်္ဂလာပွဲဆင်​နွဲ​တော့မယ့်​ချစ်​စနိုးဦးတို့ စုံတွဲ​လေးကို ဂုဏ်​ပြုစကား​တွေ ဆိုခဲ့ကြပါဦး​နော်​။

Myint Myat

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။