Jennie ရဲ့ "Solo" သီချင်းကို ကာဗာအနေနဲ့ ကပြဖျော်ဖြေခဲ့တဲ့ နာမည်ကြီးဖိလစ်ပိုင်မင်းသမီး MayMay Entrata

Posted on - Oct 9 []

Mia Zin

စာရေးသူ

ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ MayMay Entrata ဟာဆိုရင် Jennie ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ "Solo" ကို ကာဗာအနေနဲ့ ပြန်လည်ကပြတင်ဆက်ခဲ့မှုကြောင့် လတ်တလောမှာ BLACKPINK ရဲ့ တစ်ကမ္ဘာလုံးက အမာခံပရိသတ်တွေဖြစ်ကြတဲ့ BLINK တွေရဲ့ နှစ်သက်သဘောကျမှုကို ရရှိနေသူလေးဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ သူမဟာ ဖိလစ်ပိုင်နိုင်ငံမှာ သရုပ်ဆောင်အနေနဲ့သာမကပဲ အဆိုတော်အဖြစ်နဲ့ပါ အောင်မြင်မှုတွေရရှိနေတာဖြစ်ပြီး BLACKPINK ရဲ့ အမာခံပရိသတ်တစ်ယောက်အဖြစ်နဲ့လည်း ဖိလစ်ပိုင်ပရိသတ်တွေအကြားမှာ နာမည်ကြီးနေသူလေးဖြစ်တယ်လို့ သိရပါတယ်။

Jennie ရဲ့ သီချင်းကိုတော့ စက်တင်ဘာလအကုန်လောက်တုန်းက မင်းသား Edward Barber နဲ့အတူပူးပေါင်းဖျော်ဖြေတင်ဆက်ခဲ့တဲ့ M.E. and U ဆိုတဲ့ Concert မှာ ဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၂ ယောက်လုံးဟာ သီချင်းတွေများစွာနဲ့ အမိုက်စားဖျော်ဖြေမှုတွေကို တင်ဆက်ခဲ့ကြတာဖြစ်ပြီး BLINK တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကိုလည်း အများအပြားရရှိခဲ့ပါတယ်။

Jennie ရဲ့ Solo ကို ဖျော်ဖြေတဲ့အချိန်မှာ စတိတ်ဒီဇိုင်းကိုလည်း အသေအချာပြင်ဆင်ထားတာဖြစ်ပြီး ကကွက်တွေကလည်း အသက်ဝင်လွန်းလှတာမို့လို့ ပရိသတ်တွေမှာ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ရပြီး BLINK တွေကတော့ သူမရဲ့ ဖျော်ဖြေတင်ဆက်မှုကို နှစ်ထောင်းအားရဖြစ်ခဲ့ကြရပါတယ်။

BLACKPINK ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ Maymay Entrata ဟာ BLACKPINK ရဲ့ Concert တွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ဖူးတဲ့အပြင် BLACKPINK ရဲ့ နာမည်ကြီးသီချင်းတွေကိုလည်း ကာဗာအနေနဲ့ ပြန်လည်ကပြခဲ့ဖူးတာ ဖြစ်ပါတယ်။

Maymay Entrata danced to SOLO by Jennie

BLACKPINK ရဲ့ Fan Girl လေးဖြစ်တဲ့ Maymay Entrata ရဲ့ Solo သီချင်းကာဗာကို ပရိသတ်တွေနဲ့ ဘယ်လိုမျိုးထင်မြင်မိပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။