ရည်းစားဟောင်းမိန်းကလေးကြောင့် အမျိုးသားဟော်မုန်းဆေးတွေ ထိုးခဲ့ရဖူးတဲ့ မင်းသမီး Jung Da Eun

Posted on - Oct 9 []

Mia Zin

စာရေးသူ

Ulzzang Generation 7 ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Jung Da Eun ဟာဆိုရင် လတ်တလောမှာ Idol Trainee ဟောင်းတစ်ယောက်ဖြစ်တဲ့ Han Seo Hee နဲ့ ပတ်သတ်ပြီး K-pop ကြိုက်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိနေတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ Han Seo Hee ကိုတော့ K-pop ပရိသတ်တွေ အတော်များများ သိကြပြီးဖြစ်မှာပါ။ သူမဟာ YG Entertainment က နာမည်ကြီး Idol တွေရဲ့ အရှုပ်တော်ပုံတွေထဲမှာ ပါဝင်ပတ်သတ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးမှုကိုရရှိထားသူ ဖြစ်ပါတယ်။

ဒီိလိုမျိုး ပရိသတ်တွေရဲ့ မျက်မုန်းကျိုးမှုကို ရရှိထားတဲ့ Han Seo Hee နဲ့ Jung Da Eun တို့ ချစ်ကြိုက်နေကြတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Han Seo Hee က ထွက်ပေါ်နေတဲ့သတင်းတွေဟာ မဟုတ်ကြောင်းနဲ့ သူမတို့ ၂ ဦးဟာ ညီအစ်မတွေလိုပဲ ချစ်ခင်ကြသူတွေဖြစ်ကြောင်းကို ရှင်းလင်းကာ သတင်းတွေနဲ့ပတ်သတ်ပြီး ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်နာရီပိုင်းအကြာမှာပဲ သူမတို့ ၂ ယောက်ဟာ တကယ်ပဲချစ်ကြိုက်နေကြတာဖြစ်ကြောင်းပြောပြီး ၀န်ခံခဲ့ပြန်ပါတယ်။

အချိန်တခဏလေးအတွင်းမှာတင် ဒီလိုမျိုးတွေ စကားကို ပြောင်းလဲပြောခဲ့တာကြောင့် Jung Da Eun ဟာ Han Seo Hee နဲ့ ပတ်သတ်ပြီး ပရိသတ်တွေအကြားမှာ စိတ်ဝင်စားခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Jung Da Eun ဟာ Han Seo Hee နဲ့အတူ အင်စတာဂရမ်မှာ Live လွှင့်ခဲ့တာကြောင့် သူမရဲ့ ယောကျာ်းလေးတစ်ယောက်လိုအသံနဲ့ အပြင်အဆင်တွေကို ပရိသတ်တွေမှာ ပိုလို့တောင်မှ စိတ်ဝင်စားခဲ့ကြပါတယ်။

ယောကျာ်းတစ်ယောက်လို အသံခပ်သြသြဖြစ်ရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်က ကွန်မန့်တွေများစွာပေးတဲ့အခါမှာတော့ Jung Da Eun က သူမအနေနဲ့ ဒီလိုအသံမျိုးရရှိလာပုံကို ရှင်းပြခဲ့ပါတယ်။ ဒီလိုအသံမျိုးရရှိခဲ့တဲ့အကြောင်းအရင်းကတော့ သူမဟာ အမျိုးသားဟော်မုန်းဆေးတွေထိုးခဲ့တာကြောင့်ဖြစ်ပြီး ထိုးခဲ့ရတဲ့အကြောင်းအရင်းကတော့ သူမထက် အသက် ၁၂ နှစ်ကြီးတဲ့ ရည်းစားဟောင်းမိန်းကလေးရဲ့ တိုက်တွန်းစေခိုင်းမှုကြောင့်ဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

သူမရဲ့ ရည်းစားဟောင်းကောင်မလေးက တကယ်လို့များ Jung Da Eun အနေနဲ့ ယောကျာ်းတစ်ယောက်လိုမျိုးပြောင်းလဲသွားပြီဆိုရင် သူမတို့တွေ လက်ထပ်နိုင်မှာဖြစ်တယ်လို့ပြောခဲ့တာကြောင့် သူမအနေနဲ့ အမျိုးသားဟော်မုန်းဆေးတွေကို ထိုးခဲ့တာဖြစ်ကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဆေး ၂ လုံးလောက်ထိုးလောက်တာနဲ့ သူမရဲ့ အသံပိုင်းဆိုင်ရာက ယောကျာ်းတစ်ယောက်ရဲ့ အသံမျိုးကိုပြောင်းလဲသွားခဲ့တာဖြစ်ပြီး ပင်ကိုယ်အသံကို ပြန်လည်ရရှိဖို့ကတော့ မခွဲစိတ်ရင် မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

အခုဆိုရင် Jung Da Eun ဟာ ထိုသို့ဟော်မုန်းဆေးတွေ ထိုးခဲ့တာကြောင့် အသံပြောင်းလဲမှုတင်မကပဲ ခြေသလုံးမွှေးတွေလည်း ရှည်လာပြီး အမျိုးသားတစ်ယောက်လိုမျိုး လည်စေ့လည်း ထွက်လာပြီဆိုတာကို Han Seo Hee က အဆိုပါ Live မှာ ပြောပြခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။